.......,.........................................

လင်းရှိန်ပွေ့လာသောလူကို အခင်းရှိသည့်
ဘက်တွင်အသာချပေးတော့အပုံလေးလိုက်
ကျသွားလေသည် ။ ကားအရှေ့ခန်းမှန်မှအလင်းရောင်ကြောင့်ဝိုးတစ်ဝါးလေးတော့
မြင်နေရလေသည် ။ ကုန်တင်ကားမို့အရှေ့
ခန်း၌သာလူထိုင်ရန်ပါတာ​မို့ ပစ္စည်းတွေ
ကြားထိုးထိုင်ရသည်မှာ သိပ်တော့အဆင်
မပြေလှ ။ ချထားသောလူကို ​စိတ်ရူပ်စွာ
ကြည့်မိတော့ဦးလေးပြောသလိိိုမိန်းကလေး
ဟုထင်ရလောက်အောင်ခန္ဓာကိုယ်က ခပ်ပိန်
ပိန်ဖြစ်ကာ ဆံပင်ကပါ ဂုတ်ပေါ်မရှိတစ်ရှိ
လိူင်းတွန်​့လေးများ ။

ခဏအသံသာမကြားလိုက်ပါ လင်းရှိန်လဲမိန်းကလေးဟုထင်မိမှာပင် ။ထိုလူ့မျက်နှာက
ခပ်သွယ်သွယ်ဖြစ်ကာ နှဖူးတစ်ဝိုက်တွင်သာ
မက မျက်နှာအနှံ့၌ဒဏ်ရာများဖြင့် ဖြစ်လေသည် ။ ဤသို့တောင်ဒီလူကိုလင်းရှိန်ချော
သည်ဟု မှတ်ချက်ချ​မိသေးသည် ။ ပေါက်ပြဲ
ရာများရှိနေသော နူတ်ခမ်းတစ်စုံကပင်ခပ်
ရဲရဲဖူးဖူးလေးဖြစ်နေလေသည် ။ မျက်နှာအနှံ့
ကိုကြည့်နေရင်းဖြင့်ယောင်ရမ်းစွာတ့ံတွေး
ပင်မျိူချမိလိုက်၏ ။

ကြည့်နေစဥ်၌ရုတ်တရက်လူပ်ရှားသွားသော
နူတ်ခမ်းများကြောင့် လင်းရှိန်၏ ထိတွေ့ကြည့်ချင်စိတ်ကအစွန်းအဆုံးထိရောက်သွားရလေတော့သည် ။ ထိရုံလေးနဲ့တော့ ဘာမှမဖြစ်ဘူးမလား ။ လက်ညိုး​နှင့်အသာထိမိလိုက်တော့ယောင်ရမ်းစွာပွင့်ဟသွားသောနူတ်ခမ်းလွှာ
များကြားမှလျှာရဲရဲလေး ။ သွားပြီ ။ လင်းရှိန်
၏ ထိန်းချူပ်နိုင်စွမ်းများကုန်သွားလေပြီဖြစ်သည် ။ သောက်ထားသောအရက်အရှိန်
ကြောင့်လားမသိ သူ့ထိတွေ့ချင်စိတ်ကထိန်း
ချုပ်မရ ။အချိန်မိနစ်ပိုင်းတွင်းကမှတွေ့ဖူး
သောလူစိမ်းတစ်ယောက်ကို ။ တစ်နည်းအား
ဖြင့် နာမည်ပင်မသိသေးသောထိုလူကို ။

ဖြည်းညှင်းစွာဖိကပ်မိလိုက်တော့ နူးအိနေသည့်
နူတ်ခမ်းလွှာများကြောင့် သူ တစ်ဖြည်းဖြည်း အပေါ်တစ်လှည့်အောက်တစ်လှည့်စုပ်ယူနမ်း
ရိူက်နေရင်းအားမရစွာ လျှာကိုပါစပ်ယူမိလိုက်တော့ ပွင့်လာသောမျက်ဝန်းတစ်စုံ ။ လှသည် ။ လင်းရှိန်ရှေ့ကယောက်ကျားသည်ချောတာ
တာမဟုတ်ပဲ လှသည့်လူပင် ။ ဒဏ်ရာများနှင့်
ပင် ၊ မှိန်ပျနေသောမီးအောက်၌ပင် လှပမူကမှေးမှိန်မသွား ။

BLANK-ကွက်လပ်Where stories live. Discover now