''ဝေးး လင်းရှိန် လူလား အသက်ကောရှိသေးရဲ့လား''

လင်းရှိန်ကြောင် အ နေ စဥ် ဦးလေးစကား
ကြောင့်အသိပြန်ဝင်လာရ၏ ။

'' ရှိသေးတယ် ဦးလေး ''

ဟုသာပြန်ဖြေရင်း ထိုလူ့ကိုပါတစ်ခါထဲကောက်ပွေ့လိုက်တော့ သူ့လက်ထဲကိုပါလာသည်မှာ အရုပ်ကလေးတစ်ခုကဲ့သို့ပင် ။ ထိူလူ့ကိုပွေ့ချီလျက်ကားနားရောက်တော့ ဦးလေးက မျက်လုံးကြီးပြူးကာ

''ဟေ.... ကောင်မလေးတစ်ယောက် လမ်းပေါ်မှာသတိမေ့နေတာလား ''

ဦးလေး စကားကြောင့်သူမျက်နှာမဲ့သွားရ၏ ။ ခဏလေးကပဲ သူကိုယ်တိုင်ယောက်ကျားတယောက်ရဲ့အသံကိုကြားခဲ့ရသည်လေ ။

'' သူကယောက်ကျားလေးဗျ''

'' အယ် ဟုတ်ရဲ့လား... ဒါဖြင့်ဘယ်လိုလုပ်မှာလဲ''

''ဟ... လမ်းပေါ်ထားပစ်ခဲ့လို့မှမရတာ ခေါ်ခဲ့ရုံပေါ့''

'' ငါ့အိမ်ကမိန်းမအကြောင်းလဲသိရဲ့သားနဲ့လင်းရှိန်ရာ''

''ခင်ဗျားအိမ်ကိုထည့်ပေးမယ်လို့လဲမပြောဘူး ကျူပ်ခေါ်သွားမာ ''

ပြောပြီးကားနောက်ခန်းဆီသို့သွားခဲ့သောစိုင်းညီလင်းရှိန်ကို ကြည့်ကာ အံ့သြမိသွားရ၏ ။ ဘယ်တုန်းကကိုချင်းစာစိတ်တွေရှိသွားလေနည်း

''ဦးလေး ကျူပ်အနောက်ခန်းမှာပဲလိုက်ခဲ့တော့မယ်''

''ဟေ အေးအေး''

ဟုသာပြန်ဖြေနိုင်ပါတော့၏ ။ စိုင်းညီလင်းရှိန်ဆိုသောကောင်လေးက သူတို့နယ်မြို့လေးသို့လွန်ခဲ့သော၃နှစ်ခန့်ကမှပြောင်းလာခဲ့တဲ့ကောင်လေးတစ်ယောက် ။ အသက်အားဖြင့်၂၁ သာရှိသေးပေမဲ့ တစ်ကိုယ်တည်းသီးသန့်ဆန်စွာနေသောကောင်လေးပင် ။ ပြောင်းလာထဲက
တစ်ယောက်ထဲ ဖြစ်ကာတစ်ကိုယ်တည်းသီးသန့်ဆန်စွာနေတတ်သူပင် ။ သူ့အ​ကြောင်းမေးပြန်
တော့လဲ

''ကျုပ်က တစ်ကောင်ကြွက်''

ဟုသာပြန်ဖြေတတ်သည် ။ အလုပ်ကြိုးစားသ
လို ရပ်ရေးရွာရေးမှာပါအားကိုးရသောကြောင့် အပျိုများကြား​ တွင်လဲရေးပန်းစားသူပင် ။
သို့သော်မည်သူနှင့်မှအရောတဝင်နေလေ့မရှိ ။ ထိုကောင်လေး၏ အတိတ်ကိုမသိရုံမှလွဲ၍
အပစ်ပြောစရာမရှိသောလူငယ်လေးပင် ။ ရုပ်ရည်ကလဲ အသားညိုညက်ညက်နှင့်
ခပ်သန့်သန့်ပင် ။

BLANK-ကွက်လပ်Where stories live. Discover now