Ep 1
လူအများစုအတွက်တော့ခရီးတွေသွားရ
တာက သဘောကျဖို့ကောင်းပါလိမ့်မည်
သူ့အတွက်တော့ဖြင့်ထိုသိုဟုတ်မနေပါ ။
ဟုတ်မနေရသည့်အကြောင်းကလဲခရီးမှ
ပြန်လာတိုင်း ကြိုဆိုမည့်သူမဲ့နေ သည့် တိတ်ဆိတ်နေသည့် ပျဥ်ထောင်အိမ်ငယ်
လေးကသာဆီးကြိုနေလေ့ရှိသောကြောင့်
ပင် ။ အိမ်ချေယာမဲ့မဖြစ်နေတာပင်ကံ
ကောင်းသည်ဟုဆိုရအုံးမည် ။ သူစီးလာသောကားမှာလဲ ညနေ၆နာရီထိုးခါနီးမှ
မန္တလေးမှထွက်လာသော စိုက်ပျိုးရေး
ပစ္စည်းဝယ်ပြန်လာသည့်ကားမို့ အရှေ့ခန်း
မှာထိုင်နေသော်လဲ သက်တောင့်သက်သာ
တော့မရှိနေပါချေ ။ နေဝင်ခါနီး အချိန်မို့
လမ်းဘေးတစ်လျှောက်အလင်းရောင်မှိန်
ပျပျသာရှိလေတော့သည် ။ကားမထွက်ခင်ကသောက်လာသောအရက်
ဖြူအရှိန်ကြောင့် မျက်လုံးများမှေးခဲ့နဲ့ ဖြစ်
သွားစဥ် .....'' ကျွီ ''
ဟူသောကားဘရိတ်သံနှင့်အတူ သူပါအရှေ့
သို့ပြုတ်ကျမတတ်ဖြစ်သွားရတော့၏ ။'' လင်းရှိန်.. အရှေ့မှာလူလားဘာလားမသိဘူးသွားကြည့်စမ်းကွာ ''
ဟူသော ကားဆရာဦးလေးကြီးစကားကြောင့် စိုင်းညီလင်းရှိန်တစ်ယောက် ဆင်းလာရတော့
၏ ။ ဒီအဝေးပြေးလမ်းမ မှာ ဘယ်လိုလူကများလမ်းဖြတ်ကူးလေသနည်း ။ သူအံ့သြ၍ပင်မဆုံး အရမ်းကြီးမမှောင်သေးသောအချိန်ဖြစ်၍အရှေ့
ကအရာကလူတစ်ယောက်ဆိုတော့ကျိန်းသေပင် ။ သို့သော်အသက်ရှိသေးလားတော့သူမသိ ။''ဒီမှာ ဟိတ်လူ ''
လမ်းပေါ်၌အပုံလိုက်လဲကျနေသူကိုဆွဲလူပ်လိုက်တော့ညိုမဲစွဲနေသောမျက်နှာက လင်းရှိန်ဘက်လည်ကျလာလေသည် ။ ကြည့်ရတာလမ်းဖြတ်ကူး၍ ထိခိုက်မိတာမဟုတ်ပဲ ဒီလူ ဒီနေရာကနေမထနိုင်တော့တာမျိုးပင် ။
'' ငါ့ကို ကူညီပေးပါ ''
လင်းရှိန်ရဲ့ ဘယ်ဘက်လက်ကိုဆုပ်ကိုင်ပီးအားဖျော့တော့စွာပြောလာသောစကားတစ်ခွန်း ။
တကယ့်ကြားနိုင်ရုံလေးမျှသာ ။ သို့သော်ထို
အသံ နှင့် အတူထိုလူ့ ထိလိုက်သောလက်မှတစ်ဆင့် သူ့တစ်ကိုယ်လုံး ကျဥ်စက်နှင့်အတို့ခံလိုက်ရသလို ထုံကျဥ်သွားရ၏ ။