အပိုင်း(၂၆)

Começar do início
                                    

"အဲ့ဒါက မြနဲ့ခင်လေ...သစ်မင်းနဲ့ဂမုန်းမှမဟုတ်တာ.."

ရေအိုးကိုကိုယ်ဆီပိုက်ကာ ရေခပ်ဆင်းရန် မြရီနဲ့ခင်ထား ထွက်လာခဲ့သည်။
အခုတလော မူမမှန်ကြတဲ့သစ်မင်းနဲ့ဂမုန်းကို မြွေမြွေချင်းခြေမြင်သော ခင်ထား ကအရိပ်အကဲကြည့်ကာ ဆိုသည်။ အမြဲတမ်းအေးအေးလူလူနေတတ်သော မြရီက မယုံသလို...။
ခင်နဲ့မြ နဲ့က တဣသိုလ်နောက်ဆုံးစာမေးပွဲနေ့မှ စတွဲခဲ့ခြင်းဖြစ်သည်။ ခေတ်လူငယ်တွေမို့ အချင်းချင်း မေတ္တာသက်ဝင်နေကြပေမယ့် ခေတ်လူကြီးမဟုတ်ကြတဲ့ အဘတို့တော့ သဘောတူမတူမသေချာလှ။
အိမ်မှာ သူတို့အကြောင်းသိတာဆိုလို့ စိုးစိုး တစ်ယောက်သာရှိသည်။
မြရီကို ဂမုန်းကပိုးပန်းနေသည်ကို စိုးစိုးပြောပြ၍သိပြီးပြီ။
ထိုအတူ ခင်ထား ကိုကျ သစ်မင်းမောင် ကပိုးပန်းနေတာကိုလည်းသိသည်။

ဒါပေမယ့် စိုးစိုး ကသူမတို့နှစ်ယောက်ကိုပြောသည်။ ယမကာဂမုန်း ဟာ သစ်မင်းမောင် အတွက်သာဖြစ်ရမယ်လို့ ပြောဖူးသည်။
သူ့တို့နှစ်ဦးရဲ့ကြားထဲသို့ သူမတို့နှစ်ယောက်ဝင်မည်မဟုတ်။ တကယ်လို့ သစ်မင်းနှင့်ဂမုန်း သာတကယ် မေတ္တာမျှကြည့်ပါလား...ဘယ်တော့မှသူမတို့နှစ်ယောက်က ကြားထဲကခလုတ်ကသင်း လုပ်မည်မဟုတ်...သူမတို့နှစ်ယောက်အတွက်... သူမတို့ရှိပြီးသားပင်။

တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ကာ လမ်းလျှောက်ကာလာကြသည်။
ထိုအချိန် ဘေးရှိကိုင်းတောထဲမှ ထောင်ကမနေ့တစ်နေ့ကမှ ထွက်လာသော ဟိန်းစိုးနှင့် သူ့သောက်ဖော်တစ်ယောက်...ပုဆိုးကိုစွန်တောင်ဆွဲပြီး သူမတို့အရှေ့တွင်ပိတ်ရပ်သည်။

"မြရီ..!!..အေ့..ဂစ်!!"

လေချဥ်တတ်တာကြောင့် သောက်လာသောထန်းရည်နံ့ချဥ်စူးစူးဟာ နှာခေါင်းထဲသို့အလုံအရင်းဝင်လာသည်။

"ဟိန်းစိုး... ငါရေခပ်သွားမလို့...လမ်းဖယ်ပေးး..!"

အနေအေးလှသော မြရီ ...အသံပါမက မျက်နှာပါခက်ထန်လာသည်။
ခင်ထားက မြရီကို သူမအနောက်သို့ပို့သည်။

"ရှင်တို့မူးနေရင် ကိုယ့်လမ်းကိုသွားပါ...ကျွန်မတို့ကိုလာပြီးမနှောင့်ယှက်နဲ့..."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Onde histórias criam vida. Descubra agora