Special Extra For Water Festival

Start from the beginning
                                    

"ဒီလောက်နှစ်တွေကြာလာတာတောင် လင်မျက်နှာငေးလို့မဝဘူးပေါ့"

တွေးရင်းပြုံးနေမိသည့် အပြုံးတွေက နိုရာ့ရဲ့စကားနောက်မှာ လွင့်ခနဲ။ လှည့်အကြည့်မှာ ရှူတည်တည်အကြည့်ဖြင့်ဆုံသည်။

"အေး ဘာဖြစ်လဲ ငါ့ယောက်ကျားငါ ချစ်လို့ကြည့်တာလေ "

"အိမ်ထောင်သက်ကြာလာတော့ ပြောရဲဆိုရဲ ရပ်ကွက်ကလိုဖြစ်လာတယ်နော်။ အရင်ကတော့ ရှက်သလိုလို ကြောက်သလိုလို မထုံတတ်ထေးနဲ့ကောင်က ခုကျ ယောက်ကျားကိုချစ်လို့မဝဘူးတဲ့ ။ ဟိရိသြတ္တပတွေက ပေါက်ပြဲနေတဲ့ အိုဇုန်းလွှာကနေ ခုန်ထွက်သွားတယ်ထင်ပါရဲ့"

"မင်းရောမဟုတ်လို့လား"

"ဟေ့အေး ငါကအရင်ကလဲဒီပုံစံ ဒီအပြောအဆို၊ ခုလဲတူတူပဲ"

ထိုစကားကိုတော့ နိုရာက မိမိမချေပခင်မှာပင် အိပ်ချင်မူးတူးဖြင့်ထိုင်နေသည့် Devin ထံလှည့်ပြောခြင်းဖြင့် သက်သေပြလာသည်။

"Devin အိမ်မက်ကမ္ဘာထဲက နိုးမထနိုင်သေးဘူးလား။ မြန်မာနိုင်ငံက ကာလနဂါးက ကိုဒယ်ဖင်များဖြစ်နေသလားပဲ"

"နိုရာကလဲကွာ ကိုယ်ညက ခွဲစိတ်ခန်းဝင်ထားရလို့ပါ"

"မဝင်လဲ အမြဲဒီလိုပါပဲ။ ဘယ်နေရာသွားသွား ဘာလုပ်လုပ် လန်းဆန်းနေတယ်ကိုမရှိဘူး။ လေးလံနေတာပဲ"

"ကိုယ်အသက်ရလာပြီလေ ဒီမှာကြည့် ဗိုက်ခေါက်တွေတောင်ထွက်လာပြီ"

"ဘာမှမဆိုင်တာကိုပြောပြန်ပြီ။ တခါတခါ ​တွေးမိတယ် ဒီလောက်လေးလံနေတာ စားသမျှအစားအစာ ဗိုက်ထဲမရောက်ပဲ ဖင်မှာသွားစုနေတာလားလို့ ဟုတ်လား ကိုဒယ်ဖင်"

"အဲ့ဒီ နာမည်ကိုမခေါ်စမ်းပါနဲ့လို့"

"ခင်ဗျားတောင် ကျုပ်နာမည်ကိုခုထိပီလို့လား သမီးသာလေးနှစ်ထဲ​ရောက်လာတယ် သူမပီသေးဘူး။ တော်သေးတာ​ပေါ့ သမီးနာမည်ကို စကားလက်နိုရာဂျေကော့ဖ် လို့ပေးထားမိလို့၊ စကားလက်မင်းမောင်ဂျေကော့ဖ်သာဆို သမီးလေးခမျာ သူ့အဖေသူ့နာမည်တောင်မပီလို့ တစ်သက်လုံးဝမ်းနည်းရှာမှာ"

"ဒီပါးစပ်လေးကအရမ်းတတ်တယ်ပေါ့ ဟုတ်လားနိုရာ"

နားပူလာဟန်ရှိသည့် Devin က ပြုံးစိစိဖြင့်ပြောလာပြီး ဖျတ်ခနဲထရပ်နမ်းလိုက်သည့်အခါ နိုရာ့မှာ ဘာစကားမှထပ်ထွက်မလာတော့။ ခဏအကြာတွင်တော့ မိမိထံသို့ကြည့်လာ၍

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now