Yeol လည်း Baek မျက်လုံးထဲကို လေ တစ်ချက် နှစ်ချက် လှမ်းမှုတ်ပေးလိုက်ပေမယ့် ခုံကလည်း ကြားထဲခံနေ Baek မျက်လုံးပေါက်ကလည်း သေးသေးလေးနဲ့. လေက မျက်လုံးထဲ မဝင်ဘဲ Baek ရဲ့ ပါးပြင်ကို ပဲ ထိခတ်နေတယ်...အဲ့တာနဲ့ Yeol လည်း ခုံပေါ်မှာ ထောက်ထားတဲ့ သူ့လက် နှစ်ဖက်ကို Baek မျက်နှာဆီသို့ ရွှေ့လိုက်ပြီး မျက်နှာကို မော့စေလိုက်တယ်...
မျက်နှာကို လက်နှစ်ဖက် နဲ့ ဆွဲမော့လိုက်တော့ Baek နဲ့ Yeol မျက်နှာက တစ်တန်းတည်း ဖြစ်သွားတော့သည်...ထိုစဉ် မျက်လုံးလွဲထားတဲ့ Baek က Yeol ကို အကြည့် ...မျက်လုံးချင်း ဆုံသွားပြီး
"^^^ဒုတ်...ဒုတ်...ဒုတ်...ဒုတ်...^^^"
Chanbaek နှစ်ယောက်ရဲ့ နှလုံးခုန်သံတွေ အလွန်မြန်ဆန်လာခဲ့ပြီ...Yeol လည်း မျက်လုံးထဲ လေမှူတ်ပေးဖို့ကို မေ့လျော့သွားခဲ့ပြီ...
နှလုံးသားရဲ ဆန္ဒကို ဦးနှောက်က မထိန်းချုပ်နိုင်တော့ပဲ Baek ရဲ့ နှုတ်ခမ်း ပါးပေါ်သို့ သူ့ရဲ့ နှုတ်ခမ်းလေး ထိတယ် ဆိုယုံမျှ ဖိကပ်ထားလိုက်တယ်..
Baek: (⊙.⊙) (⊙.⊙)
Baek ရဲ့ နှုတ်ခမ်းဖျားအပေါ်ဖိကပ်ထား တဲ့ Yeolရဲ့ နှုတ်ခမ်းလေးက Baek ရဲ့ အပေါ်နှုတ်ခမ်းကို တစ်လှည့် ..အောက်နှုတ်ခမ်းကို တစ်ခါ ထိကပ်လိုက်တယ် ...လှုပ်ရှားလာတဲ့ သူ့အနမ်းတွေကို Baek က မတွန်းထုတ်လိုက်ပေမယ့် မတုံ့ပြန်ခဲ့ဘူးလေ...Yeol လည်း Baek မလိုချင်ဘူးဆိုတဲ့ စိတ်နဲ့ နှုတ်ခမ်းနှစ်ခု ခွာဖို့အလုပ် သူ့နှုတ်ခမ်းအောက်က စုလိုက် ချွန်လိုက် လှုပ်လာတဲ့ နှုတ်ခမ်းလေးကြောင့်ရယ်ချင်သွားတယ်...ဒီကလေးက သူ့အနမ်းကို မလိုချင်တာ မဟုတ်ပဲ မနမ်းတတ်ဖြစ်နေတာကိုး...
အဲ့လို ဖြူစင်လွန်းတဲ့ ကလေးလေး ကို ကျွန်တော် မချစ်ပဲ နေနိုငိပါ့မလားဗျာ...ဒါပေမယ်...ထားပါလေ...ခုတော့ ချိုမြိန်လွန်းတဲ့ ဒီအနမ်းလေး ပေါ်ပဲ အာရုံစိုက်ထားချင်မိတယ်...
~~~Chu~~~
Start from the beginning
