Yeol pov:" အမ​လေး ​တော်​​သေးတာ​ပေါ့

.ဒီ​ခေါင်း​လေးက အကြံဥာဏ်​ထွက်​လာ​ပေလို့..Baek ​ပေါ်​တော့ အပြစ်​ပုံချသလို ဖြစ်​သွားပြီ...ဒါနဲ့ ငါ Baek လို့ ​ခေါ်လိုက်​မိတာပဲ ...arr shi...​သေချင်​တာပဲကွာ...ငါလည်း ​ကိုယ်​ ​ရော စိတ်​​ရော လွတ်​​နေပြီပဲ..

Baek pov:" Baek ဆိုပါလား...အဟိ..တကယ်​ကို ​သေ​ပျော်​ပါပြီ..သာယာ​နေလို့ ဖြစ်​​သေးဘူး..​တော်​ကြာ Yeol အထင်​လွဲ​နေဦးမယ်​..အမှုန်​ကမှ တကယ်​မဝင်​တာ ဘိုလုပ်​ရမလဲ..မဝင်​လည်း ဝင်​ချင်​​ယောင်​​ဆောင်​ပြီး  မှုတ်​ခိုင်းရ​တော့မှာပဲ..ငါလည်း Yeol လို့ ​ခေါ်ကြည့်​ရင်​ ​ကောင်းမလား..ဘာမှ မဖြစ်​​လောက်​ပါဘူး​လေ"

Baek:"ဘာလို့ စိတ်​ကူးယဉ်​ ​နေရမှာလဲ..Yeol ကမှ မှုတ်​​ပေးမယ်​ဆိုပြီး ​တော်​​တော်​နဲ့မှ မမှုတ်​​ပေးတာ..Baek က အမှုန်​ဝင်​​နေပါတယ်​ ဆိုမှ ဘယ်​လိုလုပ်​ မျက်​လုံးဖွင့်​ထားလို့ရမှာလဲ Yeol ရဲ့...

Yeol:"အဲ့တာဆို ခု ပြန်​မှုတ်​​ပေးမယ်​..ဟုတ်​ပြီလား.."

Chanbaek pov:"ဟူး...ဖြစ်​ပါ့မလား"

~~~~~~~~~~~~~~~~~~~~~~~~~~~

Yeol လည်း Baek မျက်​လုံးထဲ အမှုန်​မဝင်​မှန်းသိ​ပေမယ့်​ သိ​နေ​ပေမယ့်​  Baek မျက်နှာနားကပ်ကာ သေချာ တစိမ့်​စိမ့်​ကြီးပြီး မရိုးမသားဖြစ်​မိတဲ့ သူ့အဖြစ်​ကို  ​Baek သိသွားမှာမို့ စိုးတာနဲ့ပဲ စောေ​စာက ပုံစံ အတိုင်း စားပွဲ​​ပေါ်ကို  လက်​​ထောက်​ပြီး ခါး​ရှေ့ကိုင်းကာ Baek မျက်​နှာနားကပ်​လိုက်​သည်​....Baek မျက်​နှာနား​ရောက်​တာနဲ့ ​စော​စောက အကြင်နာ​ပေးချင်​တဲ့ စိတ်​ကြီး​ပြန်​​ပေါ်လာ​ပေမယ့်​ ဟန်​​ဆောင်​ ထိန်းသိမ်းရင့်း  ​ခေါင်းရဲ့ ဦးတည်​ရာကို မျက်​လုံးနား​ ရွှေ့​လိုက်​တယ်​...

Baek လည်း မျက်​လုံးထဲ  အမှုန်​ မဝင်​​ပေမယ့်​ အမှန်​အတိုင်း​ပြောလိုက်​ရင်​ သူ Yeol ကို ရင်​ခုန်​မိတဲ့ အ​ကြောင်း Yeol သိသွားမှာစိုးတာနဲ့ပဲ မျက်​နှာနားကပ်​လာတဲ့ Yeol မျက်​နာကို မကြည့်​မိ​အောင်​ မျက်​လုံးလွဲထားမိတယ်​..မျက်​လုံး မှိတ်​ထားလို့လဲ မဖြစ်​ဘူး​လေ...

CRUSHWhere stories live. Discover now