အပိုင်း(၂၅)

Bắt đầu từ đầu
                                    

"ကျစ်!! စိတ်ရှုပ်စရာ...!"

"မောင့် အတွက်... မင်းဟာ မက်ကလီအချစ်ပင်က ပေါက်ဖွားလာတဲ့ နတ်မိမယ်တစ်ပါးပဲ.. ဂမုန်းပင်.."

"စောင်ပိုတွေ...အခုလွှတ်..".

သစ်မင်းမောင် ဖက်ထားခြင်းကိုအတင်းရုန်းကန်ကာ ဂမုန်းထ ထိုင်သည်။သူတစ်ညလုံး ဒီကောင့်အခန်းထဲအိပ်ပျော်သွားတာပဲ...။ဖိုးခွားကို ကျောင်းပို့ရဦးမှာမို့ သူပြန်မှဖြစ်မည်။

"ဖိုးခွား ကိုကျောင်းပို့ရဦး....နောက်ကျနေပြီ ီးလိုမှပဲ...သစ်မင်းမောင် မင်းကဒဏ်ရာကြီးနဲ့မလိုက်ခဲ့နဲ့ ငါ ဖိုးခွားကိုကြည့်ပြောထားလိုက်မယ်.."

"ရတယ် ဂမုန်းပင်.. ငါပတ်တီးဖြည်ပြီးလိုက်ခဲ့မယ် ဒဏ်ရာကကြီးတာမှမဟုတ်တာ.."

"သဘော..."

ဂမုန်းလည်း ပုဆိုးကိုပြင်ဝတ်ပြီး အိမ်ပြန်လာခဲ့သည်။
အိမ်ရောက်တော့ ဖိုးခွားကအိမ်ပေါက်ဝမှဆီးကြိုကာ နှုတ်ခမ်းကိုဆူကာထားသည်။အိပ်ယာထတာ ဘေးနားတွင်ရှိမနေလို့ စိတ်ကောက်နေပြီထင်ပါရဲ့...။
ဂမုန်း လည်းအမြန်ပဲဖိုးခွားအနားသို့လျှောက်သွားလိုက်တယ်။

"ဖိုးခွား... နိုးနေပြီလား...မျက်နှာကိုသစ်လိုက်ဦး..ကိုကြီးကျောင်းသွားဖို့ပြင်ပေးမယ်.."

"တိုကြီးဂမုန်း.. "

"ဟေ!! "

" အခုက ဘယ်ကပြန်လာတာလဲ...တား တိုကြီးသစ်မင်းတို့ဝိုင်းထဲကထွက်လာတာတွေ့တယ်နော်...တား ကိုမှန်မှန်ပြော...မနက်စောစောစီးစီး တိုကြီးသစ်မင်းဆီဘာသွားလုပ်တာလဲ.."

"ဟမ်...အဲ..ဟို..အဲ့..အဲ့ဒါကလေ..သြော်...မင်းကိုကျောင်းပို့ရမယ်ဆိုတာ ဟိုခွေးသူတောင်းစား သစ်မင်းမောင် ကိုသွားပြောတာလေ...သူမေ့နေမှာစိုးလို့.."

"တိုကြီး... တား ကိုညာတယ်.."

"တိုကြီး ညကထဲက ပြန်မလာတာ တားသိတယ်...တား ရူးပေါက်ချင်လို့ညကထသေးတယ် အိပ်ရာထဲတိုးကြီးမရှိလို့ အဘကိုနိုးရသေးတယ်..."

"အမ်..!!".

ဖိုးခွား ရဲ့တိကျလွန်းနေတဲ့စကားကြောင့် ဂမုန်းပြောစရာစကားများရှိမနေတော့။အပြစ်လုပ်ထားသည့် ကလေးတစ်ယောက်နှယ် ဖိုးခွားကိုသူ မကြည့်ရဲ။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ