ရှောင်ကျန့်ကမြို့အုပ်ဝမ်ပေါင်ပေါ်ကိုခြေထောက်နှစ်ချောင်းလုံးကိုတင်
ကာနှိပ်ခိုင်းသည် ရှောင်မားထဆူဖို့ပဲရှိသေးတယ် မြို့အုပ်ဝမ်ကခြေထောက်
ကိုနှိပ်ပေးနေသည် ရှောင်ကျန့်ကဇိမ်ကျကျနဲ့ ပန်းသီးကိုစားပြီးtvကြည့်နေ
သည်။

"ကလေးကိုနာမည်ဘာပေးမလဲဟင် ဝမ်ကိုကို"

"ကျန့်ကျန့်ကရော ဘာပေးစေ့ချင်လဲ"

"အင်း...ကျန့်ကျန့်တို့နာမည်လေးလဲပါရမယ် ဝမ်ကျန့်ယွီ လေးဆိုရင်ရော"

"အင်းကောင်းတယ်"

"ဟင်း...မိန်းကလေးဆိုရင်ရောဘယ်လိုပေးမလဲ ဝမ်ကိုကိုကလည်းစဉ်းစား
လေ ကျန့်ကျန့်ပဲစဉ်းစားနေရတယ် ဝမ်ကိုကိုနော် ဝမ်ကိုကိုပဲလုပ်ပြီး ကလေး
နာမည်မစဉ်းစားချင်တာလားလို့"

"မဟုတ်ရပါဘူးဗျာ ကိုယ်စဉ်းစားမိတာက မိန်းကလေးဆိုရင် ဝမ်ရိအာရော"

"အင်း ကောင်းတယ် ကောင်းတယ်"

ရှောင်ကျန့်မျက်နှာကရွှင်ပျပျဖြစ်သွားကာ tvကိုဆက်ကြည့်နေပြန်သည်
ရှောင်မားကတော့မျက်စောင်းတထိုးထိုးနဲ့ကြည့်နေတယ် မြို့အုပ်ဝမ်လည်း
သနားပါတယ် သူ့ခမျာပြန်တွေ့ပြီးနားတောင်မနားရဘူး ဒီဟာလေးက
အကြီးကိုအကြီးမှန်းမသိပဲလာခိုင်းစားနေတယ်။

"အိပ်ချင်လာပြီ..."

"ဟဲ့ အိပ်ချင်ရင်သွားအိပ်ပေါ့ နင့်ကိုမအိပ်နဲ့လို့ဘယ်သူကအတင်းရိုက်နေလို့လဲ"

"မားကလည်း...သားကသားယောက်ျားကိုချွဲတာပေါ့ဗျ နော်...ဝမ်ကိုကို
ပြောလိုက်လေ"

ရှောင်ကျန့်က မြို့အုပ်ဝမ်ရဲ့အင်္ကျီစလေးကိုကိုင်ကာ ချွဲသည် ဒါလေးတွေကိုပဲချစ်နေရတာပေါ့ မြို့အုပ်ဝမ်လည်းခေါင်းငြိမ့်လိုက်ပါတယ်
နောက်တော့ရှောင်ကျန့်ကိုပွေ့ကာ အိမ်ပေါ်ထပ်ကိုခေါ်သွားတော့သည်
ရှောင်ကျန့်မားကတော့ဘာမှမပြောတော့ပါ သူမသားလေးပျော်ရွှင်နေရင်ရပြီ။

"ကဲ ရောက်ပြီ"

ရှောင်ကျန့်ကိုခုတင်ပေါ်ချပေးတော့ ရှောင်ကျန့်ကလည်တိုင်ကိုဖက်ထားတာ
မလွှတ်သေးပါ။

မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း (completed )Where stories live. Discover now