ရိပေါ်သည်လည်း  သည် မြင်ကွင်းအား ပြုံးပြီးကြည့်နေမိပါ၏။ရိပေါ် ဘယ်လောက်ပဲ ယောက္ခမဖြစ်သူနှင့် မတည့်ဘူးဆိုဆို မခေါ်ဘဲနေလို့ရမည်၊ မတော်ဘဲနေလို့တော့မရ ဆိုသလိုပဲ   ရိပေါ်သာ ထိုသူတို့နှင့်ကင်းအောင်နေလိုက်မည် သားသားကိုတော့ သူ့ဘိုးဘွား တို့နှင့် မကင်းရာမကင်းကြောင်း ထားပါ၏။ထို့ကြောင့်ပဲ ရိပေါ်သည် သားသားအား တစ်လလျှင် တစ်ရက်ခန့်ဖြင့်  သူ့အဖိုးအဖွားအိမ်ကို  ပို့ထားပေးတတ်သည်။ရှောင်းသခင်ကြီးနှင့်သခင်မကြီးသည်လည်း ရိပေါ်ကိုပါ သားသားနှင့် တူတူလာစေချင်ပေမယ့် ရိပေါ်သည် ခင်ပွန်းဖြစ်သူ မရှိတော့စဉ်ကတည်းက ရှောင်းအိမ်တော်အား ညအိပ်ညနေ တစ်ခါမှ မနေတော့ပေ။ရှောင်းအိမ်တော်သို့ သွားလျှင်လည်း  သားသားကို ပို့ရုံသာ ပို့၍ ချက်ချင်း ပြန်လာတတ်၏။ရိပေါ်အတွက်ကတော့ Seanမရှိတော့စဉ်ကတည်းက  သားသားကိစ္စကလွဲ၍ ရှောင်းအိမ်တော်နှင့် ပတ်သတ်စရာမရှိတော့ဘူးဟု တထစ်ချ တွေးထားပြီးသားပင်။ရိပေါ်သည် ထိုမျှလောက် မာနကြီးပါ၏။

"ဖွားမြေးလေး ဖွားကို လွမ်းနေရဲ့လား"

ရှောင်းသခင်မကြီးသည် သားသားအား ပွေ့လျက်ပင် ဆတ်တီခုံပေါ်သို့ ပြန်ထိုင်လိုက်ကာ သား၏ ပါးဖောင်းကလေးအား ဖျစ်ကာ မေး၏။အဖွားဖြစ်သူ၏  အမေးအား လူလည်လေး ရှောင်ဝမ်သည် အဖွားဖြစ်သူ၏ ပါးနှစ်ဖက်အား မွှေးကြူကာ အဖြေပေး၏။ထိုအခါ ရှောင်းသခင်မကြီးသာမက လူကြီးအားလုံးမှာ သဘောတကျ ရယ်မောမိကြလေသည်။ရိပေါ်သည်တော့ လွန်ခဲ့တဲ့ 3နှစ်ကတည်းက အားရပါးရ မရယ်မောတတ်တော့ရာ ပြုံးရုံသာ ပြုံးမိတော့သည်။

အစောက အေးစက်နေသည့် လေထုသည်လည်း အခုတော့ဖြင့် နွေးထွေးလျှက်ရှိကာ  ဧည့်ခန်းအတွင်းတွင်လည်း  ရှောင်းသခင်မကြီးနဲ့မြေးဖြစ်သူတို့၏  တီတီတာတာ စကားသံများသာ ပျံ့လွင့်လျှက်။

ရိပေါ်သည်လည်း ဆိုဖာပေါ်တွင်သာ ငြိမ်ငြိမ်သက်သက်ကလေးထိုင်ရင်း သားဖြစ်သူ၏ တီတီတာတာ စကားကလေးတွေအား နားထောင်နေမိပါ၏။ 

ရှောင်းသခင်ကြီးသည်လည်း  အစကတည်းက အနေအေးသည်ဖြစ်ရာ ထို မြေးအဖွား၏ စကားဝိုင်းထဲ ဝင်တွတ်မထိုးတော့ပဲ ပြုံးလျှက်သာ နားထောင်နေ၏။

Second LoveWhere stories live. Discover now