"စစ်ကြေငြာကြောင်း အသိပေးဖို့လာခဲ့တာကို နောက်မှထပ်လာဆိုပါလား။ စစ်သူကြီးက သိပ်ပျက်လုံးထုတ်တာပဲ။ မင်းသားအိုင်းဆက်ထွက်တွေ့ပြီးရင် ဘာမှထပ်ပြောစရာမရှိပဲ ပြီးဆုံးရမှာကို အဘယ်ကြောင့်များ တွန့်ဆုတ်နေကြသလဲ စစ်သူကြီး"

"............"

"ကျုပ်ဒီနေ့ဒီကိုလာခဲ့တာဟာ မိုခီတာကိုစစ်ကြေငြာကြောင်းနဲ့ ပြောလိုတာတွေကို မင်းသားအိုင်းဆက်နဲ့တွေ့ပြီး ပြောချင်ရုံပေပဲ။ ရန်ပြုလိုစိတ်မရှိပေဘူး ​လော​လောဆယ်အ​နေအထားအရ​ပေါ့။ ကျုပ်အနေနဲ့ကတော့ ​တွေ့ကို ​တွေ့ရမှဖြစ်မှာမို့ မင်းသားအိုင်းဆက်က ထွက်မတွေ့ချင်ရင် စစ်သူကြီးကမခေါ်ပေးနိုင်ရင် ကိစ္စမရှိလှဘူး။ ကျုပ်ကိုယ်တိုင်ဝင်တွေ့ယုံပေါ့"

Elroy က ထိုသို့ဆိုကာ သူစီးနင်းလာသည့် မြင်းဇက်ကြိုးကိုအသာဆုပ်ကိုင်၍ သူဧ။်စစ်မက်တို့နှင့်အတူ မြို့ရိုးဆီသို့ စတင်ကပ်ရပ် ကြိုးပမ်းလာသည်။

"စစ်သူကြီး ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ။ စစ်မက်အများစုက အရှင်မင်းကြီးနဲ့ လိုက်ပါသွားတာမို့ ကျွန်တော်တို့မှာ စစ်မက်အင်အားနည်းပါးနေပါတယ်"

Land ဧ။်အလောတကြီးအမေး၊ လန့်ဖျန့်ကာ ဟိုဒီကြည့်ကာ ဂနာမငြိမ်ဖြစ်နေကြရှာသည့် ညစောင့်စစ်မက်များအားကြည့်၍ ကောင်းယံ မည်သို့စလုပ်ရမည်ကိုမသိတော့ပေ။ Elroy လိုချင်သလို အရှင့်သား ထွက်တွေ့ပါက လတ်တလောပြီးပြတ်သွားနိုင်သော်လည်း လက်ရှိအချိန်တွင်မူ မင်းသားအိုင်းဆက်မှာ သတိတောင်ပြန်လည်မလာသေးခြင်း​ကြောင့် မည်သို့မှထွက်မတွေ့နိုင်​ပေ။

ဒါဆို ကျူးကျော်ရန်ပြုတော့မည့်သူများကို မည်ကဲ့သို့တားရမည်နည်း။ မြို့ထဲရောက်ရှိသွားပါက တိုင်းသူပြည်သား​တွေရော၊ရဲတိုက်ကြီးပါ ဖရိုဖရဲဖြစ်ရမည်ဖြစ်ပြီး မင်းသားအိုင်းဆက်ဧ။။် လက်ရှိအခြေအနေကိုလဲ ရန်သူထံပေးသိ၍မရ။ တစ်ကြိမ်တစ်ခါမှ မကြုံဖူးသေးသည် ဖြစ်ရပ်ပေမို့ ​ခေါင်းထဲထူပူနေကာ ရင်ထဲတလှပ်လှပ်တုန်လာရသည်။ သို့်သော်...

* ငါဟာ လက်ရှိအချိန်မှာ မင်းသစ်ကောင်းယံမဟုတ်၊ မိုခီတာရဲ့သံချပ်ကာစစ်မက်ခေါင်းဆောင်ဖြစ်ပြီး မိုခီတာကိုကာကွယ်ဖို့ ၊ တိုင်းသူပြည်သားတွေကိုကာကွယ်ဖို့ တာဝန်ရှိပြီး မင်းသစ်​ကောင်းယံအ​နေဖြင့်လဲ ငါချစ်ရသောသူ နာမကျန်းနေချိန်မှာ သူ့ဆီရောက်သွားနိုင်သည့် ဘယ်လိုရန်မူမှုမျိုးကိုမဆို တားဆီးရမည် *

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now