"ကျေးဇူးဘဲ Heeseung-shi,Jongseong-shi"

"ရပါတယ် သူငယ်ချင်းတွေဘဲကို"

"အာ့ဆိုရင် မနက်ဖြန်ကျောင်းရောက်မှဘဲတွေ့မယ်နော်"
___________
"ကျောင်းရောက်သော်...

Heeseung နဲ့ Jay က ကျောင်းကိုအစောကြီးရောက်နေကြတယ်။

"အတန်းခေါင်းဆောင်ဘာလုပ်နေတာလဲ"Jay ကလှမ်းမေးလိုက်သည်။

"prank လုပ်မလို့ ခဏလေး"

"ဘယ်သူ့ကိုလဲ"

"ဘယ်သူ့ဘဲဖြစ်ဖြစ်ပေါ့ ကြည့်နေ"

Jake အတန်းထဲကိုဝင်လာတာနဲ့ ...
ဗွမ်း.....

"ဟား ဟား ဟား"
အတန်းခေါင်းဆောင်က Jake ကိုစနောက်ပြီးတော့ရီနေတော့တယ်။Heeseung ကတော့ Jake ဆီကိုအပြေးလေးသွားခဲ့တယ်။

"အတန်းခေါင်းဆောင် ဒါနောက်စရာမဟုတ်ဘူးနော်"
"Jaeyun တစ်ကိုယ်လုံးရွှဲကုန်ပြီ"

"နည်းနည်းလေးဘဲ စလိုက်တာကို သူကဘာမှမဖြစ်ဘဲမင်းကဘာဖြစ်နေတာလဲ"

"ခဗျား.."

"ထားလိုက်တော့ Heeseung-shi"

"ဟွန့်အလကား သူတော်ကောင်းယောင်ဆောင်နေတာ"
အတန်းခေါင်းဆောင်က ကပ်တိုးလေးရွဲ့လိုက်တော့သည်။
Jaeyun ကကြားသွားပြီး အတန်းရှေ့မှာတင် ရေစိုနေတဲ့အင်္ကျီကို ချွတ်လိုက်သည်။Heeseung ကသူ့အပေါ်ကုတ်ကိုချွတ်ပြီး jake သူ့အင်္ကျီချွတ်လို့မပြီးခင်အပေါ်ကနေထပ်အုပ်ပေးပြီး သန့်စင်ခန်းကို နှစ်ယောက်သားထွက်လာခဲ့ကြတယ်။Heeseung ကသူ့လွယ်အိပ်ထဲက အပိုပါတဲ့ hoodie တစ်ထည်ကိုပါယူလာခဲ့လိုက်တယ်။

"မင်းဘာလုပ်ဖို့ကြံနေတာလဲ"

"အာ"

"မင်း အတန်းရှေ့ကြီးမှာ အင်္ကျီချွတ်ဖို့လုပ်နေတာလေ"

"အာ...အဲ့တာလား...အတန်းခေါင်းဆောင်ကိုပြန်ရွဲ့ပြမလို့"

"အတန်းထဲမှာလူတွေအများကြီးဘဲကို"

"ဒေါသထွက်လွန်သွားလို့ပါ"

"ရော့...လောလောဆယ် ငါ့ရဲ့ hoodie လေးခဏဝတ်ထားလိုက်"

"ရပါတယ် မလိုပါဘူး"

"ဘာကိုမလိုတာလဲ တစ်ကိုယ်လုံးရေတွေစိုနေတာကို ဖျားသွားမှာပေါ့"

"အွန်း"
ပေးထားတဲ့ hoodie လဲပြီးပြန်ထွက်လာခဲ့တယ်။
"မင်းနဲ့လိုက်သားဘဲ jake"
"ဆံပင်တွေရေတွေစိုနေတယ် သေချာခါလိုက်အုန်း"
"ထားလိုက်ပါတော့ ငါလုပ်ပေးမယ်"

ဆံပင်လေးကို လက်ကလေးနဲ့ သေချာဖွာပြီး ရေတွေခါပေးလိုက်တဲ့အချိန်မှာ တစ်ခုကိုခံစားလိုက်ရတယ်။ခွေးပေါက်ကလေးကို ပွတ်ပေးနေရတဲ့ခံစားချက်လေးရလိုက်တယ်။အရမ်းချစ်ဖို့ကောင်းတာဘဲ။Heeseung တစ်ယောက်သူ့ရဲ့ ခံစားချက်တွေကိုမထိန်းနိုင်တော့ဘဲ နီရဲပြီး လှပလွန်းတဲ့ ကကြီးပုံနှုတ်ခမ်းလေးကို တင်းတင်းကြပ်ကြပ်နမ်းလိုက်တော့တယ်။Jaeyun ကအတင်းတွန်းထုတ်နေပေမဲ့ဘယ်လိုမှမရဘူး။တော်တော်ကြာမှ Heeseung တစ်ယောက်အသိစိတ်ပြန်ဝင်လာတော့တယ်။Jake ကတော့ ရှက်ပြီးထွက်ပြေးသွားခဲ့တော့တယ်။
_____________
Time skip
ညနေကျောင်းဆင်းချိန်ရောက်လာခဲ့ပြီ။Jungwon ဟာ Jaeyun ကိုစောင့်နေရင်း Heeseung တို့နဲ့စကားပြောနေခဲ့တယ်။Jake ဟာ Heeseung ကိုမြင်တာနဲ့ Jungwon ကိုတောင်မစောင့်ဘဲထွက်ပြေးခဲ့တယ်။

"Jaeyun မင်းကိုရှောင်နေသလိုဘဲနော် ဒီနေ့အတန်းချိန်တစ်ချိန်လုံး"
"ဘာဖြစ်တာလဲ"

Heeseung ကဒီနေ့ ဖြစ်ခဲ့တဲ့ဟာတွေအကုန်ပြောပြလိုက်တော့တယ်။

"မင်းဟာလေ ချက်ချင်းကြီးအဲ့လိုသွားလုပ်လို့မှမရတာ"

"ငါတကယ် မထိန်းနိုင်လို့ ဖြစ်သွားတာပါ၊မင်းသာဆိုရင်လဲ အဲ့လိုဖြစ်မှာသေချာတယ်"

"မင်းနဲ့ ငါ့ကိုလာနှိုင်းနေတာလား ငါကမှ ခံစားချက်တွေထိန်းနိုင်သေးတယ်ဟ"

"မင်းမသိလို့ပါ သူ့ရဲ့ပုံလေးက တကယ်ကိုခွေးပေါက်ကလေးနဲ့အရမ်းတူတယ် အရမ်းချစ်စရာကောင်းလွန်းတယ်...လုံးဝမြင်နေကျပုံစံတွေနဲ့ကွဲပြားတယ်......"

"အေးပါ....မင်းသဘောကျရင်ပြီးတာပါဘဲ"
____________

My Hot Boyfriend (heejake)Where stories live. Discover now