သူ အလှလေးတွေကို ထွက်သွားခိုင်းလိုက်တယ်... "ဝမ်ရှု... ပြောစရာရှိတာမြန်မြန်ပြောပြီး ငါရှေ့ကနေထွက်သွားတော့" သူပြောလိုက်တဲ့ပုံကြောင့် ဝမ်ရှုမှာ ပိုလိုတောင် ဒေါသထွက်သွား၏...

"ရှင်ကျွန်မကို ဘယ်လိုတောင် ဒီလိုပြောရဲတာလဲ... ကျွန်မတို့ သဘောတူညီချက်လုပ်ထားပေမဲ့ ရှင်က ပျက်ကွက်တယ်!!"

ဖုန်းဆွန်မှာ ရယ်စရာကောင်းတဲ့မိန်းမကို ရွံရှာမှုအပြည့်ဖြင့် ကြည့်လိုက်သည်... "ဘာသဘောတူညီချက်လဲ...မင်းလိုကောင်မကိုများ ငါ့ဧကရီအဖြစ်ထားရအောင် ငါအရူးမဟုတ်ဘူး"

ဝမ်ရှု စကားပြောဖို့ကြိုးစားပေမဲ့ ဖုန်းဆွန်က သူမအား အခွင့်အရေးမပေးဘဲ သူဆက်ပြောသည်... "စဉ်းစားကြည့်လေ... စည်းစိမ်အတွက် မိသားစုကိုသတ်ပြီး ပြီးတော့ မောင်ဖြစ်သူအပေါ် အပြစ်ပုံချတယ်... ပြီးတော့ တစ်စုံတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး အရင်ဧကရာဇ်ရဲ့ အိပ်ရာပေါ်တက်ခဲ့တာပဲမလား.... ပြောလေ... မင်းလိုနောက်ကျောက ဓားတဲ့ထိုးတတ်တဲ့ လူတစ်ယောက်ကို ငါဘာလုပ်သင့်လဲ" 

ဝမ်ရှုမှာ ဖုန်းဆွန် သူမအားပြောနေတဲ့စကားတွေကို မယုံကြည်နိုင်ဖြစ်နေသည်... ဒီလူက သူမ နောက်ကို နေ့နေ့ညညလိုက်ပြီး သူ့အချစ်ကိုဖော်ပြကာ သူဧကရာဇ်ဖြစ်ရင် သူမကို ဧကရီမြှောက်မည်ဟု ကတိအထပ်ထပ်ပေးထားသူပင်... 

နောက်ဆုံးတော့ ဝမ်ရှုမှာ ထိုစကားတွေက သူလိုချင်တာရဖို့အတွက် အလိမ်အညာတစ်ခုပဲ ဆိုတာကို သိလိုက်လေပြီ... "ဒါဆို ကျွန်မတို့ကလေးကရော"  သူမ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်... "ငါဂရုမစိုက်ဘူး... မင်းလုပ်ချင်တာလုပ်လိုက်" သူပြောရင်း သူမကို ထွက်သွားတော့ဖို့ အမူအရာပြလိုက်၏...

ဝမ်ရှုမှာတော့ သူမ ဗိုက်ကိုကိုင်ထားရင်းနဲ့ပင် ခန်းမထဲမှ ထွက်သွားတော့သည်... သူမရဲ့ မမွေးသေးတဲ့ ကလေးကိုငုံ့ကြည့်ရင်း "စောင့်နေလိုက်... ဖုန်းဆွန်... ကျွန်မကို ဒီလိုဆက်ဆံတဲ့အတွက် ရှင့်ကိုသတ်ပစ်မှာ" သူမရဲ့စကားတွေကြောင့် ဖုန်းဆွန်စိတ်လေးသွား၏...

ထို့နောက် ဖုန်းဆွန်လည်း ခန်းမထဲမှ ထွက်ကာ အိပ်ဆောင်ကိုသွားတော့ ခုတင်ပေါ်တွင် အနီရောင် ပိုးသားဝတ်စုံနှင့် မိန်းမလှလေးက သူ့ကိုစောင့်နေလေသည်...

"ဖုန်း... ကျွန်မရှင့်ကို အရမ်းလွမ်းနေတာ... ရှင်ဘယ်ရောက်နေတာလဲ" မိန်းကလေးက ဖြူစင်ရိုးသားသည့် အသံလေးနှင့်မေးလေသည်...

"ကိုယ့်ကို အေးအေးဆေးဆေး လွှတ်မထားနိုင်တဲ့ မြေခွေးမတစ်ကောင်နဲ့ ရင်ဆိုင်နေရလို့ပါ" သူချစ်ရတဲ့အလှလေးကို ပြန်ဖြေလိုက်၏...

"ဟင့်.. ထင်ထားပဲ... သူ့ကိုစွန့်ပစ်လိုက်ဖို့ ပြောသားပဲ... ကျွန်မ သူ့ကို သဘောမကျဘူး"သူမ နှုတ်ခမ်းဆူနေတာကြောင့် ဖုန်းဆွန်က သူရတနာလေးလို သဘောထားရတဲ့ သူမကို အနမ်းပေးလိုက်သည်...

"အရှင့်ကို ကျွန်မပြုစုပေးပါရစေ" သူမပြောရင်း စားပွဲဆီသွားကာ ဝိုင်နှစ်ခွက်ထည့်လိုက်သည်... တစ်ခွက်မှာတော့ ဖြည်းဖြည်းချင်းအစွမ်းပြမယ့် အဆိပ်ပါပြီး ကျန်တစ်ခွက်ကတော့ အန္တရာယ်မရှိချေ...

ဖုန်းဆွန်ကတော့ မတုံ့မဆိုင်း သောက်ချလိုက်ပြီးနောက် သူ့အချစ်လေးကို အိပ်ရာပေါ်ဆွဲတင်ကာ ညစည်းစိမ်ကို ခံစားလေတော့သည်.... 

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Opowieści tętniące życiem. Odkryj je teraz