ဝမ်ရှုမှာတော့ သူမ ဗိုက်ကိုကိုင်ထားရင်းနဲ့ပင် ခန်းမထဲမှ ထွက်သွားတော့သည်... သူမရဲ့ မမွေးသေးတဲ့ ကလေးကိုငုံ့ကြည့်ရင်း "စောင့်နေလိုက်... ဖုန်းဆွန်... ကျွန်မကို ဒီလိုဆက်ဆံတဲ့အတွက် ရှင့်ကိုသတ်ပစ်မှာ" သူမရဲ့စကားတွေကြောင့် ဖုန်းဆွန်စိတ်လေးသွား၏...

ထို့နောက် ဖုန်းဆွန်လည်း ခန်းမထဲမှ ထွက်ကာ အိပ်ဆောင်ကိုသွားတော့ ခုတင်ပေါ်တွင် အနီရောင် ပိုးသားဝတ်စုံနှင့် မိန်းမလှလေးက သူ့ကိုစောင့်နေလေသည်...

"ဖုန်း... ကျွန်မရှင့်ကို အရမ်းလွမ်းနေတာ... ရှင်ဘယ်ရောက်နေတာလဲ" မိန်းကလေးက ဖြူစင်ရိုးသားသည့် အသံလေးနှင့်မေးလေသည်...

"ကိုယ့်ကို အေးအေးဆေးဆေး လွှတ်မထားနိုင်တဲ့ မြေခွေးမတစ်ကောင်နဲ့ ရင်ဆိုင်နေရလို့ပါ" သူချစ်ရတဲ့အလှလေးကို ပြန်ဖြေလိုက်၏...

"ဟင့်.. ထင်ထားပဲ... သူ့ကိုစွန့်ပစ်လိုက်ဖို့ ပြောသားပဲ... ကျွန်မ သူ့ကို သဘောမကျဘူး"သူမ နှုတ်ခမ်းဆူနေတာကြောင့် ဖုန်းဆွန်က သူရတနာလေးလို သဘောထားရတဲ့ သူမကို အနမ်းပေးလိုက်သည်...

"အရှင့်ကို ကျွန်မပြုစုပေးပါရစေ" သူမပြောရင်း စားပွဲဆီသွားကာ ဝိုင်နှစ်ခွက်ထည့်လိုက်သည်... တစ်ခွက်မှာတော့ ဖြည်းဖြည်းချင်းအစွမ်းပြမယ့် အဆိပ်ပါပြီး ကျန်တစ်ခွက်ကတော့ အန္တရာယ်မရှိချေ...

ဖုန်းဆွန်ကတော့ မတုံ့မဆိုင်း သောက်ချလိုက်ပြီးနောက် သူ့အချစ်လေးကို အိပ်ရာပေါ်ဆွဲတင်ကာ ညစည်းစိမ်ကို ခံစားလေတော့သည်.... 



Zawgyi

ရှင်းနန်းတော်ထဲတွင်...

ဧကရာဇ်ဖုန်းဆွန်ဟာအနားတွင် အလှလေးတွေခြံရံလျက် ပလ္လင်ပေါ်တွင် ထိုင်နေသည်... အချို့က‌တော့ သူ့ရှေ့မှာ ကပြဖျော်ဖြေနေကြပြီး ကျန်တဲ့လူတွေကတော့ သူ့နားမှာထိုင်တာ ပြုစုပေးနေ၏..

ဝင်ပေါက်တံခါးကပွင့်လာပြီး ဖောင်းကားနေတဲ့ဝမ်းဗိုက်နှင့် ဝမ်ရှုမှာ မျက်နှာမသာမယာဖြင့် ဝင်လာခဲ့လေသည်... "ဖုန်းဆွန်... ကျွန်မတို့စကားပြောရအောင်" သူမတောင်းဆိုလိုက်၏... ဖုန်းဆွန်က သူမရဲ့ သူ့အပေါ် ဒီလိုအရှက်ခွဲတဲ့အပြုအမူတွေကြောင့် ဒေါသထွက်သည်...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now