Chapter 1 (Unicode)

Start from the beginning
                                        

သူနာပြုဆရာမကတောင် သူဆေးထိုးခံလိုက်ရလို့ ညဏ်ရည်မမှီတော့ပဲ ရူးသွားပြီ ထင်နေခဲ့တာ

"မျက်နှာက ခွေးအိုကြီးတစ်ကောင်လိုတည်ငြိမ်နေပေမယ့်လည်း တည်ငြိမ်မှုက
တကယ့်အစစ်အမှန်ထိတ်လန့်မှုနဲ့ နှိုင်းယှဥ်လို့ရပါတယ်" ဆိုတယ့်စကားပုံအတိုင်းပဲ...

(အဓိပ္ပါယ်က အပြင်မှာပို​ပြီးတည်လေ အထဲမှာပိုပြီး ဗြောင်းဆန်အောင်
ထိတ်လန့်လေ လို့ဆိုလိုတာပါ)

သူ့ရဲ့နှစ်ပေါင်းများစွာ​သောခွေးအိုကြီးအတွေ့
အကြုံတွေနဲ့ လည်ပင်းပေါ်က ယားယံမှုကို သည်းခံပြီး ငြိမ်ငြိမ်လေးနေလိုက်တယ်

အေးစက်တယ့် လက်တွေထွက်ခွာသွားလို့
စိတ်သက်သာရာ ရမလိုပဲရှိသေး...

ရုပ်ချောတယ့် ဖက်ထုပ်လုံး(zombie)
အကိုကြီးက သူ့အက်ျီတွေကို စတင်ဆွဲ
ချွတ်လာတယ်...

အမ်...သူ့အက်ျီတွေကိုချွတ်နေတယ်...
ဒီနံစော်နေတယ့် အရူးကတော့...!

ရေခဲလိုအေးစက်နေတယ့်လက်သည်းတွေနဲ့ သူ့ခန္ဓာကိုယ်အနှံကိိုပွတ်သပ်နေတယ်

ဒီလောင်ဇီ မင်းဒူးကိုမှ ကိုယ်တိုင်မကန်ရရင်
ဒီလောင်ဇီရဲ့မျိုးရိုးနာမည်ကို ပြောင်းပြန်ရေးပစ်လိုက်တော့မယ်!

...ဘာဖြစ်ဖြစ် ပြောင်းပြန်ရေးလည်းတူတူပါပဲလေ

( သူ့မျိုးရိုးနာမည်က 王 ပါ, အဲတော့ပြောင်းပြန်ရေးလည်း အတူတူပါပဲ)

ဝမ်းရှောင်မျဲ့ သူ့ရဲ့ ဂုဏ်သိက္ခာ အတွက်တိုက်ခိုက်ရန် သတ္တိမွေးနေတုန်းမှာ ရုပ်ချောတယ့် ရှေးခတ်ဝတ်စုံနဲ့ ဖက်ထုပ်လုံးအကိုကြီးက သူ့ကိုဖက်ပြီး သက်ပြင်းချလာတယ်သက်ပြင်းချလိုက်တယ့် လေအေးအေးက သူ့နှာဖူးကို ထိခတ်လာတယ်

"မျန်တျန့် သေမျိုးများနေ့တောင် နောက်တစ်ခေါက်ရောက်လာခဲ့ပြီ, မင်းဘယ်တော့မှ နိုးထလာမှာလဲ"

ဖက်ထုပ်လုံးကြီးက စကားလည်းပြောနိုင်တယ်ဟ- ဝမ်းရှောင်မျဲ့ တိတ်တိတ်လေးတွေးလိုက်တယ်
မျန်တျန့်က ဘယ်သူလဲ? ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်လား...ကြည့်ရတာ ဒီခန္ဓာကိုယ်
ကကောင်းကောင်းမွန်မွန် အထိန်းသိမ်းထားခံရပေမယ့်
အသက်တော့ ပြန်မရှင်လာနိုင်တော့ဘူးထင်တယ်

ခေါင်းတလားထဲမှာယောက်ျားနဲ့အတူအိပ်မယ်Where stories live. Discover now