Chapter 1 (Unicode)

Start from the beginning
                                        

သူ့ဘေးနားမှာတော့ အနီနဲ့အနက်ရောစပ်ထားသည့် ဝတ်ရုံဝတ်ဆင်ထားသော အသက်ရှင်နေသေးပုံရကာ လှပတင့်တယ်သည့် အမျိုးသားတစ်ယောက်က လှဲလျောင်းနေတယ် (မှတ်ချက်-သေပြီးသား)

ဝမ်းရှောင်မျဲ့ မျက်စိလှန်ကာ အကြောက်လွန်ပြီး မေ့လဲသွားခဲ့သည်

ဝမ်းရှောင်မျဲ့ နိုးလာတော့ ​တွေ့လိုက်ရတာက သူဘေးနာမှာရှိတယ့် အကိုကြီး တာ့ကောက တကယ်ကြီး လှုပ်...လှုပ်သွားတယ်

Sh*t...!!!

ဝမ်းရှောင်မျဲ့ မျက်လုံးတွေကိုဆက်ပိတ်ထားလိုက်ပြီး ဘေးနားကလူကိုမကြည့်ရဲတော့ပေ

ရုပ်ချောတော့ရောဘာဖြစ်လဲ
ရုပ်ချောရင်တောင်မှ သေ​ပြီးသားက
သေပြီးသားပဲ ချီးးးး လှုပ်တောင်လှုပ်သွားလိုက်သေးတယ်

Oh ကျောက်စိမ်း သခင်...တထာဂတ ဗုဒ္ဓ...အပျိုစင် မာသာမယ်ရီ...

ရုပ်ရှင်တွေထဲက တာအိုဘုန်းကြီးတွေနဲ့ ဇွန်ဘီတွေ ချတယ့်အခန်းတွေ သူ့ခေါင်းထဲမှာ ပေါ်လာပြီး
သူ့လည်ပင်းလေးကို ဖက်ထုပ်လုံးကြီး
(ဇွန်ဘီကြီး) တစ်ချက်တည်း ကိုက်ဖြတ်ပစ်လိုက်မှာကိုကြောက်နေခဲ့တယ်

ရလဒ်အနေနဲ့ သူ့ဘေးကအကိုကြီးက ပိုလို့တောင်လှုပ်ရှားလာခဲ့တယ်
သူ့လည်ပင်းပေါ် ကိုအေးစက်ပြီးကြက်သီးထစရာကောင်းတယ် အထိအတွေတစ်ခုရောက်လာခဲ့တယ်

Ahhh...ahhh...ahh _!

သူသေးပေါက်ချင်တယ့်စိတ်နဲ့ အော်ချင်
တယ့်စိတ်ကို မနည်းထိန်းထားလိုက်တယ်
သူလည်ပင်းပေါ်မှာ ကြက်သီးတောင်ထလာပြီ

သေပြီးသားလူတွေက ကြက်သီးထလို့ရလား?

ဝမ်းရှောင်မျဲ့ မှာရောဂါတစ်ခုရှိတယ်

အဲ့တာကသူကြောက်ပြီး စိတ်လှုပ်ရှားလာလေလေမျက်နှာအမူအရာက တည်ငြိမ်လာလေလေ ဖြစ်လာတာပါပဲ
သူအလွန်အကြူးကြောက်ပြီး အရမ်းစိတ်လှုပ်ရှားလာပြီဆိုရင်တော့ အရှုးတစ်ယောက်လိုထရယ်ပါလိမ့်မယ်

သူငယ်ငယ်တုန်းက တခြားကလေးတွေနဲ့
အတူဆေးထိုးခံခဲ့ရဖူးတယ်
တခြားကလေးတွေက ငိုနေခဲ့ပေမယ့် သူကတော့ရယ်နေခဲ့တယ်

ခေါင်းတလားထဲမှာယောက်ျားနဲ့အတူအိပ်မယ်Where stories live. Discover now