ကိုး တို့ သူငယ်ချင်းတသိုက် စားစရာသောက်စရာများကိုစားပြီး ရယ်ရယ်မောမော စကားပြောကာ ပျော်ရွှင်နေကြသည် ကိုး တို့သူငယ်ချင်းတွေကစိတ်ပုတ်စိတ်ယုတ်တယောက်မှမရှိ မနာလိုစိတ်ဖစ်သူလည်းမရှိ တကယ့်ကို မိသားစုပြီးရင် ဒီသူငယ်ချင်းတွေဟာ ကိုး ရဲ့ဒုတိယမိသားစုပင် ...
........
သက်ြန် အကြိုနေ့မရောက်ခင် တရက်အလို..
မနက်ဖြန် သာကူနဲ့ မုန့်လုံးရေပေါ်ကျွေးမည်ဖြစ်တာကြောင့် မေမေနဲ့ ဈေးဝယ်ထွက်လာခဲ့တယ် သူငယ်ချင်းတွေလည်းပါတာကြောင့် ဈေးထဲ ရှင်လောင်းလှည့်သလိုအတန်းလိုက်ဖြစ်နေသည်
"ဟဲ့ ငါ့လည်းကူသယ်ပါဦးဟဲ့.."
"ငါ့လက်ထဲလည်းကြည့်ဦး .. ဒီအချိန်လက်အားတဲ့လူနတ်ပြည်တတ်ရမယ်ဆိုငါကျန်ခဲ့တယ်.."
"ရှေ့ကနှစ်ကောင်နားညီးတယ် နိုင်တာသယ် မနိုင်တာလည်းသယ်..."
အနောက်မှာ သုံးယောက် စကားများနေတာကို ကိုး နားထောင်ပြီး အူတတ်နေသည်
ပြောရမယ်ဆိုရင် သူငယ်ချင်းသုံးယောက်ကဟာသတလိုင်း ကိုး က အရယ်တလိုင်း
"အမေ့..."
အနောက်ကသုံးယောက်ကို လှည့်ကြည့်လှည့်ကြည့် လုပ်ကာ အူတတ်နေတာကြောင့် ရှေ့မှာရပ်နေတဲ့လူကိုဝင်တိုက်မိသည် လက်ထဲမှအထုတ်တွေလည်းပြုတ်ကျကုန်သည်
"ဟယ် သမီးရယ် ရှေ့ကြည့်လျှောက်မှပေါ့.. ညီမလေး အဆင်ပြေလားဟင် ဘယ်နားထိခိုက်သွားသေးလဲ..."
ကိုး တော်တော်နဲ့မထနိုင်တာကြောင့် တိုက်မိတဲ့သူကိုတောင်မကြည့်နိုင်ပါ မေမေပြောတော့မှ တောင်းပန်ဖို့တဖက်လူကို ကြည့်မိသည်
ပုလဲလုံးလေးတွေစီထားသလို တောက်ပနေတဲ့မျက်ဝန်း မျက်ခုံးဟာလည်း ဆွဲထားတာမဟုတ်ဘဲ သဘာဝအတိုင်းနက်မှောင်နေသည် နှုတ်ခမ်းဟာ နှုတ်ခမ်းနီဆိုးမထားပါဘဲနဲ့ ပန်းဆီရောင်ဖူးဖူးလေးဖြစ်ကာ ဆံပင်ကိုလည်း ပြေလျော့လျော့စီးထားသည် ဆံပင်ကတော့မီးခိုးရောင်ဖျော့ဖျော့လေးမသိမသာဆိုးထားသည်
"ရပါတယ်အန်တီ.. ဒီညီမလေးကလည်းငေး သမီးကလည်းငေးရင်းဝင်တိုက်မိတာပါ.."
one shot
Start from the beginning