"Hyung ရဲ့အထုတ်တွေဖြည်လို့မပြီးသေးဘူးလေ"

"လာပါ ငါ့သူငယ်ချင်း Heeseung တစ်ယောက်လုံးရှိတယ်"

"အာ့ဆိုရင် သွားလိုက်အုန်းမယ် hyung"

"သွားလေ"

အဲ့တာနဲ့ဘဲနှစ်ယောက်သားထွက်လာခဲ့လိုက်ကြတယ်။
"Jongseong hyung ဘာတွေပြုံးနေတာလဲ"

"အော်ဘာမှမဟုတ်ပါဘူး"

"အဲ့hyung က hyung ကိုသဘောကျနေတာမလား"

"အာ...ဘ..ဘ..ဘယ်လိုသိတာလဲ"

"သူ့ရဲ့ပုံစံကအရမ်းတွေသိသာနေတယ်"

"ဝါး...ညီလေးက တန်းရိပ်မိတာဘဲ"

"အဆင်ပြေပါတယ်လေ အဲ့ကိုကြီးနဲ့ဆိုရင် သဘောတူတယ် ကျွန်တော့ရဲ့ ရေခဲတုံးအကိုကြီးနောက်ဆုံးတော့ရီးစားရတော့မှာဘဲ"

"စိတ်မဆိုးဘူးပေါ့"

"မဆိုးပါဘူး အဲ့ရေခဲတုံးကြီးကသာ ရီးစားရသွားရင် ကျွန်တော်လွတ်လပ်ပြီလေ"

"ဘယ်လို..."

"ဒီလိုဗျာ...သူပြောဖူးတယ်....သူရီးစားရမှ ကျွန်တော်လည်းရီးစားထားရမှာလေ...အဲ့တာကြောင့်"

Jay တစ်ယောက်ကတော့ jungwon ရဲ့စကားကိုကြားပြီးရီဘဲရီနေတော့တယ်။စိတ်ထဲမှာတော့....
"ဒီကောင်လေး စိတ်ဝင်စားစရာကောင်းသားဘဲ"
___________
တစ်စုံတစ်ယောက်ကတော့ Jay တစ်ယောက်မရှိတော့တာကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတယ်။နှစ်ယောက်သား တိတ်ဆိတ်နေကြတယ်။Heeseung ဟာ အရဲစွန့်ပြီးစကားစပြောလိုက်တယ်။

"Jaeyun-shi ဘာလို့ korea မှာကျောင်းလာတက်တာလဲ"

"Aussie မှာနေရတာမကြိုက်လို့"

"ဘာလို့လဲ အဲ့မှာကနေရတာကောင်းတာမဟုတ်ဘူးလား"

"လူတိုင်းကအဲ့လိုဘဲပြောနေကြတာရယ် ဒါပေမဲ့ တကယ်ကအဲ့လိုမဟုတ်ခဲ့ဘူး"
"အမေက အရမ်းချုပ်ချယ်တော့ မနေချင်ခဲ့ဘူး အဲ့တာကြောင့်အဖေ့ကိုပြောပြီး korea မှာကျောင်းတက်ဖို့လုပ်ခဲ့တာ"

"အဲ့တာကြောင့်လား"

"ဟုတ်တယ် အမေတို့က စီးပွါးရေးမေဂျာတက်ပြီး သူတို့လုပ်ငန်းကို ဦးစီးစေချင်တာ ကျွန်တော်က အနုပညာကျောင်းတက်ချင်တာ"

"အဲ့လိုလား ဒါနဲ့ English နာမည်မရှိဘူးလား"

"ဗျာ"

"ဟိုဟာလေ Aussie မှာနေခဲ့တာဆိုတော့ English နာမည်လေးများရှိမလားလို့ ဒီတိုင်းဘဲမေးကြည့်တာပါ ပြန်ဖြေစရာမလိုပါဘူး"

Heeseung ရဲ့ ကပြာကယာပုံစံလေးကြောင့် Jaeyun တစ်ယောက်ပြုံးမိသွားတယ်။

"Jake ပါ"

"အမ်"

"English နာမည်က Jake"
"ဒီနာမည်ကို Heeseung-shi ကို ပထမဆုံးပြောပြဖူးတာ"

"အာ့ဆိုရင် ကျွန်တော်ဘဲသိတာပေါ့"

"ဟုတ်တယ်"
Heeseung ရဲ့ရင်ထဲမှာတော့ ပန်းတွေဖူးပွင့်နေခဲ့တယ်။

"ဟိုနှစ်ယောက်ပြန်မလာသေးဘူးလားမသိဘူး" ဆိုပြီး Jake ကထကြည့်လိုက်တဲ့အချိန် ခြေထောက်ခေါက်ပြီးချော်လဲတော့တယ်။ချော်လဲတာက ရိုးရိုးလဲတာမဟုတ်ဘဲ Heeseung ပေါ်ကို ကျသွားခဲ့တယ် Heeseung လည်းလှမ်းထိန်းလိုက်ပေမဲ့ လဲကျသွားခဲ့တယ်။ လဲကျတာကအရှိန်ပါတာကြောင့် နှုတ်ခမ်းချင်းနမ်းမိသွားတော့တယ်။
______________

My Hot Boyfriend (heejake)Where stories live. Discover now