" ဒါဆိုလဲ မင်းဆိုရင်ရော ငါ​ကယောက်ျားလေးတွေကိုစိတ်မဝင်စားပေမဲ့ ငါ့အောက်မှာငိုနေမဲ့မင်းကိုတော့အရသာခံကြည့်ချင်သား "

မေးဖျားကိုလက်နဲ့တို့ကာ အကြည့်တို့က Matthewရဲ့ ခန္ဓာကိုယ်ပေါ်သို့စုန်ချီဆန်ချီ ၊ တကယ်တော့ ဒီကောင့်ကို Steve နည်းနည်းမှစိတ်မဝင်စား ၊ ဒီတိုင်း Matthew ကသူနဲ့ယှဥ်ရင်သိသိသာသာအားနည်းနေတဲ့ ခန္ဓာကိုယ်ကြောင့် တမင်ပြောလိုက်တာ...ပြီးတော့ ဒီကောင်က gayတွေကိုပထွေးမုန်း မုန်းနေတာကြောင့်ရော ၊ ထို့နောက် ဖမ်းချုပ်ထားတဲ့လက်တွေကိုလွှတ်ပေးကာ

" မင်းခွေးတွေကို သွားကူလိုက်အုံး Kai လက်ချက်နဲ့အကုန်အသက်ပျောက်ကုန်တော့မယ် "

နောက်တစ်ခါကျလာတော့မဲ့လက်သီးကိုဖမ်းဆုပ်ကာ ပါးရိုးကိုတစ်ချက်ထိုးရုံနဲ့ လဲကျသွားသည် ၊ ကိုယ်ပေါ်မှခွကာ လေးငါးချက်လောက်အဆက်မပြတ်ထိုးလိုက်ပြီး ခြေထောက်ဖြင့်ကန်ကာနှုတ်ဆက်ခဲ့သည် ၊ ပျင်းလွန်းလို့လှုပ်တောင်မလှုပ်ချင်ပါဘူးဆို ဒီကောင်ကအလိုက်မသိပြန်ဘူး ၊ Matthewကိုတိုက်ခိုက်ဖို့ Steveအတွက်ချွေးတစ်စက်တောင်မထွက်...Kaiတို့ဘက်ကိုတစ်ချက်လှည့်​ကြည့်ကာ ဝင်မကူတော့ဘဲ နားကြပ်တပ်လျက် ကားပေါ်ကနေသာ စောင့်နေလိုက်သည်...Matthew ရဲ့နောက်လိုက်ခွေးပေါက်လေးတွေလောက်ကိုတော့ Kaiတစ်ယောက်တည်းရှင်းနိုင်လိမ့်မယ်

ကားထဲကိုဝင်လာတဲ့ Kai ကလေပင်ချွန်နေသေးသည် ၊
ထို့နောက် ကားမှန်ကိုကြည့်ကာ လေချွန်လျက်ပင်ပုံပျက်သွားတဲ့ ဆံပင်ကိုသပ်တင်သည်

" မင်းပြောတာမှန်တယ် Steve "

" ဘာကိုလဲ "

" Matthew က တကယ်အမှတ်မရှိဘူး..ဒါနဲ့ မင်းကဘာလို့သူထိုးတာခံလိုက်ရတာလဲ "

" မဆိုင်တဲ့သူ့ညီမကိုစကားနဲ့စော်ကားလိုက်တာဆိုတော့ ဒီလောက်တော့ပြန်ခံသင့်တယ်ထင်လို့ "

Steve အကြောင်းကို Kai ကနောကြေနေပြီ ၊ သူဒီကိုစရောက်ကတည်းကပေါင်းဖြစ်တဲ့သူငယ်ချင်းက Steve ဘဲ၊ Steve က အရမ်းဆိုးကာ မိန်းကလေးတွေနဲ့ပွေရှုပ်တတ်ပေမဲ့ ဘယ်သူ့ကိုမှတော့အိပ်ရာပေါ်တင်တာမတွေ့ဖူး ၊ ဒါပေမဲ့ ဒီကောင်ကရန်ဖြစ်သည်..ရန်ပွဲတိုင်းမှာ Steveနဲ့Kaiက အမြဲတမ်းထိပ်ဆုံးကပင် ၊ အိမ်က သူ့ကိုထိန်းမနိုင်တာကြောင့် ကျောင်းတက်ဖို့ဒီကိုလွှတ်လိုက်ပေမဲ့ ကိုရီးယားကလူတွေထပ်ဆိုးတဲ့ကောင်နဲ့ပေါင်းမိကာ အိမ်ကလူတွေရဲ့မျက်နှာကိုအိုးမဲဆက်သုတ်သည်

𝗖𝗵𝗼𝗶 𝗬𝗲𝗼𝗻𝗝𝘂𝗻 𝗮𝗻𝗱 𝗛𝗶𝘀 𝗙𝗼𝗿𝗲𝗶𝗴𝗻 𝗕𝗼𝘆𝗳𝗿𝗶𝗲𝗻𝗱 Where stories live. Discover now