"ပြန်တွေ့သွားပြီဘဲ အဲ့တာဆိုရပြီ ဆရာမလည်းလာတော့မယ် သွားထိုင်လိုက်ကြတော့ အကုန်လုံး"

Jaeyun ရဲ့ သဘောထားကြီးမှုကြောင့် အဲ့ဒီ့ကိစ္စဟာ ဆရာမတွေဆီအထိမပြန့်သွားခဲ့ဘူး။စာသင်ရင်း တစ်ဖြည်းဖြည်း နေ့လည်စာစားချိန်ရောက်လာခဲ့တယ်။Heeseung နဲ့ jongseong တို့ကတော့စားနေရင်းနဲ့ စကားများနေခဲ့တယ်။

"Jaeyun ကတော်တော် သဘောထားကြီးတာဘဲ ပြီးတော့အရမ်းလည်း တည်ငြိမ်တယ်"

"ဟုတ်ပ jongseong ရေ အတန်းခေါင်းဆောင်ကသာ ဒေါသတကြီးအပြစ်တင်နေတာ သူကတော့တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောနေတဲ့ ပုံကမိုက်တယ်နော်"

"ဟိုမှာ Jaeyun မလား"

"ဟုတ်တယ် ဘေးနားကဘယ်ကကောင်လေးလဲ"

"သူ့သူငယ်ချင်းနေမှာပေါ့ ကြည့်ရတာတော့ငါတို့ထက်ငယ်မဲ့ပုံဘဲ"

Jaeyun တို့ထိုင်ဖို့ ခုံရှာနေပေမဲ့ နေရာအလွတ်မရှိဘူးဖြစ်နေတယ်။ဒါပေမဲ့ Heeseung တို့ဘေးကတော့လွတ်နေခဲ့တယ်။Jaeyun ကအဲ့နားကိုသွားပြီး ထိုင်ဖို့ခွင့်တောင်းတယ်

"Heeseung-shi ဒီနားမှာထိုင်လို့ရလား"

"ရတယ်လေ Jaeyun"

"ကျေးဇူး လာ wonnie ထိုင်"

"ဟုတ်ကဲ့ hyung"

သူတို့တွေအတူတူထိုင်နေရပေမဲ့ အချင်းချင်းတော့ စကားမပြောကြဘူး။Jaeyun ကတော့ သူမနက်ကဖြစ်ခဲ့တာတွေကို Jungwon ကိုပြောပြနေခဲ့တယ်

"Hyung အဲ့တာနဲ့ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ပြောလိုက်တာပေါ့"

"အဲ့လိုမှအဆင်ပြေမှာလေ မဟုတ်လို့ ကိစ္စကြီးသွားရင် aussie ပြန်ရမှာ"

"အဲ့မှာနေတာကောင်းတယ်မဟုတ်ဘူးလား hyung"

"Aussie မှာမနေချင်ဘူး"

"ဘာလဲ ဒီမှာသဘောကျနေတဲ့သူ ရှိနေလို့မပြန်ချင်တာလား"

"ရား #*€%!£¥•"

"အဟား"
Jaeyun ရဲ့ ဆဲသံကြောင့် Heeseung တစ်ယောက်ရီချတော့တယ်။

"Jaeyun ကတော့ သူဆဲလိုက်တာကြောင့်ရီနေမှန်းသိတော့ အနည်းငယ်ရှက်သွားခဲ့တယ် ပြီးတော့ Jungwon ကိုတစ်ချက်ရိုက်လိုက်တယ်။
ဖြန်း...

My Hot Boyfriend (heejake)जहाँ कहानियाँ रहती हैं। अभी खोजें