ငါတို့ ဒီလိုအနေအထားနဲ့ ခဏလောက်ရှိနေပြီးနောက် သူငါ့ကို လွှတ်ပေးလိုက်သည်... ငါ့ရင်ဘတ်ကိုထိကြည့်လိုက်တော့ နှလုံးခုန်နှုန်း အရမ်းမြန်နေ၏... "ငါချစ်မိသွားပြီလား" ငါ့ရင်ခုန်သံကို ခံစားရပြီးနောက် ငါ့ကိုယ်ငါပြန်မေးလိုက်သည်...

အတွေးတွေကို ခေါင်းထဲမှ ခါထုတ်လိုက်ပြီးနောက် အဝတ်အစားဝတ်ကာ ပြန်လာလိုက်တယ်... လှိုဏ်ဂူဆီရောက်တော့ ငါ့ရှေ့က ပြောင်မြောက်တဲ့မြင်ကွင်းကို ကြည့်ဖို့ အချိန်ယူခဏလောက်ယူလိုက်၏... ငါရှိနေတာတောင် ထုံယန်က အဝတ်အစားဆက်လဲနေဆဲပင်...

ငါ့ကိုယ်ငါ ကိုယ်တစ်ဖက်သတ်ချစ်နေသူရဲ့ ခန္ဓာကိုယ်ကို မြင်လိုက်ရတဲ့ မိန်းမငယ်လေးလို ခံစားနေရသည်... နှာခေါင်းသွေးလျှံလာတာကြောင့် လက်နှင့်ဖုံးက အဝတ်တစ်ခုနှင့်သုတ်လိုက်၏.. သို့ပေမဲ့ သွေးတွေကို သူမြင်သွားတာကြောင့် စိုးရိမ်တကြီးဖြင့် ငါ့ဆီလာလေသည်....

သူက ငါ့ကိုကူပြီး သွေးတွေကိုသုတ်ပေးတယ်... သို့ပေမဲ့ သူ့ရဲ့မှင်နက်ရောင်မျက်ဝန်းတွေကို ငါကြည့်လိုက်တဲ့အချိန်မှာတော့ နှာခေါင်းသွေးတွေ ထပ်ပြီးလျှံလာလေ၏... ဘုရားရေ.... ငါ့ဆီမှာ ဘာတွေဖြစ်နေတာလဲ...

ရှက်သွေးဖြာတယ်၊ ရင်ခုန်တယ်၊ အခု နှာခေါင်းသွေးတောင် လျှံလာတယ်... ဒါဘယ်လို အရှက်ကွဲတာလဲ... ငါ အချစ်ကို မလိုချင်ပေမဲ့ အချစ်က ငါ့ကို ရှာတွေ့သွားပြီ... မြှားနတ်မောင် အစုတ်ပလုတ်ကြီးရဲ့ဍဍဍ

ထို့နောက် ထုံယန်နဲ့အတူ ထိုင်ရင်း ကိစ္စတွေကို ငါဘယ်လိုသိကြောင်း စပြောပြလိုက်သည်... ဖုန်းဆွန်နဲ့ ဝမ်ရှုတို့က သူ့ကိုချောင်းမြောင်းလုပ်ကြံဖို့ ဆွေးနွေးနေတာကို ငါကြားခဲ့တယ်...

သူတို့အစီအစဉ်က ထုံယန်ကိုသတ်ပြီး သူသေတာနဲ့ မင်းသား ဖုန်းဆွန်ကို ဧကရာဇ်အဖြစ် တင်မြှောက်ဖို့ပင်...

ဝမ်ရှုက ထုံယန်ရဲ့ စာရွက်စာတမ်းတွေကို ယူဖို့ အခွင့်အရေးရခဲ့တာကြောင့် မင်းသားဖုန်းဆွန် အစီအစဉ်ဆွဲနိုင်ဖို့ သတင်းတွေစုကာ သူ့ဆီပို့ပေးခဲ့တယ်...

သူတို့ရဲ့ သဘောတူညီချက်က မင်းသားဖုန်းဆွန် ဧကရာဇ်ဖြစ်လာရင် ဝမ်ရှုကို ဧကရီမြှောက်ဖို့ပင်... ပြီးတော့ ဝမ်ရှုက ဖုန်းဆွန်ရဲ့ကလေးကိုလည်း လွယ်ထားရသေး၏... ငါလုံးဝမထင်ထားတာက သူမ ဗိုက်ထဲက ကလေးရဲ့အဖေက ဖုန်းဆွန်ဖြစ်တာကိုပင်...

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Kde žijí příběhy. Začni objevovat