အပိုင်း(၁၄)

Mulai dari awal
                                    

သစ်မင်းကရှက်ကိုးရှက်ကန်းဖြင့် မေး၏။
ဘေးက တိုးကြီးတို့အုပ်စုကလည်း သစ်မင်းမောင် တင်ပါးမှာမှဲ့ရှိနေတာ သိနေတဲ့ ယမကာဂမုန်း ကိုအံသြသလိုကြည့်ကြသည်။

" ငါကသိချင်လို့သိတာမဟုတ်ဘူးနော်...ဟိုတစ်ခါဘုန်းဘုန်းရိုက်တုန်းက ပုဆိုးချွတ်ရိုက်တယ်လေ..အဲ့ဒါက ငါ...ငါကြည့်လိုက်မိတာ.."

"နှာဘူး.."

ဆားရေစိမ်ကမှတ်ချက်ပေးသည်။

"သြော်...မင်းကဒီလိုလား...ရော့ကွာ..အဲ့ဒါငါဖင်ကိုကြည့်ချင်ဦး.."

"အ့...အု့...အဘရေ!..ကျုပ်ညီလေး.."

သစ်မင်းမောင် ကဂမုန်းရဲ့ ညီလေးရှိရာဆီသို့ခြေထောက်နဲ့ကန်လိုက်တယ်။
အားပါသွားတာမို့ ဂမုန်းအသက်ထွက်မတတ်အောင့်သွား၏။
မျက်ရည်တောင်အတောင့်လိုက်ကျချင်သွားသည်။
ဘေးကကောင်တွေကလည်း ကြောင်ကာရပ်ကြည့်နေကြတယ်။

"သစ်မင်း... ီးကောင်..ီးမို့လို့ကန်တာလား...ငါ့ညီလေးတစ်ခုခုဖြစ်လို့ကတော့ မင်း...မင်းတာဝန်ယူရမယ်..ီးလိုပဲ..။
မင်းကငါ့ကိုကန်တော့ ငါကလည်းညှစ်တယ်ကွာ.."

တစ်ဖန် ဂမုန်းကလည်း သစ်မင်းမောင်ရဲ့ ဖွားဖတ်တော်ကို လက်နှင့်အားရပါးရညှစ်ထား၏။

"အားးး....ဟျောင့်... ဂမုန်းပင်...ဖြေး​ဖြေးညှစ်ပါဟ...အရင်းကနေပြုတ်ထွက်သွားပါဦးမယ်...အ့...ချီးးးပဲ"

" ဟျောင့်တွေ...ဘာရပ်ကြည့်နေတာလည်း...ချကြလေကွာ..."

ထိုအခုမှ ဘေးမှာရပ်ကြည့်နေကြသော သာလှတို့အုပ်စု နပန်းတွေလုံးကြသည်။
ရွံ့တောထဲ လူးကာနပန်းသတ်နေကြသည်။
သစ်မင်းမောင် နှင့်ယမကာဂမုန်း က တစ်ယောက်ဥကိုတစ်ယောက်ညှစ်နေကြတယ်။

"ရော့..ကွာ...အဲ့မှာ ညာဘက်လက်သီး.."

ခွပ်!!..

သစ်မင်းမောင် ကဂမုန်းရဲ့မျက်နှာသို့ထိုးလိုက်တယ်။
ဂမုန်းကလည်း သစ်မင်းရဲ့လက်မောင်းကို မလွှတ်တမ်းကိုက်ထားသည်။

"ဟာ...ဟာ...ဟျောင့်တွေ ရပ်...ရပ်ကြစမ်း.."

လယ်ထဲအထိ သူကြီးရောက်လာပြီး သူတို့ရန်ပွဲကိုလာတားသည်။
အားလုံးကိုကြည့်တော့ မျက်နှာများတွင်ရွံ့တွေပေကျံပြီး ဖူးရောင်နေကြသည်။
တယ်....တကယ်လည်းဒီကောင်တွေမလွယ်လှပါလားနော်...။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Tempat cerita menjadi hidup. Temukan sekarang