If we never met : Twelve

Start from the beginning
                                    

ဒီလိုနဲ့ အနားရတဲ့အချိန်တွေတိုင်း ရှုပ်ယှက်ခတ်နေတဲ့လူတွေကြား တိုးဝင်လို့ သူ့ကိုသူဖုံးကွယ်နေခဲ့တာ နှစ်ပတ်တိုင်အောင်။

အတွေးတွေမရှိလျှောက်သွားတတ်တဲ့သူက ဒီနေ့တော့ ဦးတည်ရာပန်းတိုင်ရှိလို့. . ။

ဒီနေ့ကသူဆိုတာရှိလာအောင် လုပ်ပေးခဲ့တဲ့ အသိုက်အမြုံလေး၊ သူရှင်သန်ခဲ့ရတဲ့ ဂေယာလေးကို ပြန်သွားဖို့ကို စိတ်အားထက်သန်လို့ ဒီလိုရာသီဥတုအေးအေးမှာ သူကလမ်းမထက်မှာ ရှိနေတာဖြစ်သည်။

သုံးနှစ်ဆိုတဲ့အချိန်ကာလမှာ အများကြီးပြောင်းလဲသွားတဲ့ဒီမြို့အပြင် ဂေယာလေးကကော ပြောင်းလဲနေပြီလား သူသိချင်သည်။

သူ့ရဲ့အိပ်မက်တွေထဲကတစ်ခုက သူအဆင်ပြေလာတဲ့အခါ ဒီဂေယာလေးကို ပြန်ကြည့်ဖို့ဖြစ်သည်။

သူ့လိုကလေးလေးတွေကို ကောင်းကောင်းမွန်မွန်ရှင်သန်စေလိုပြီး အလှူရှင်မရှိလို့ အလှူငွေမလောက်ငှတဲ့အခါ ထမင်းချည်းသက်သက်စားလို့ ဗိုက်ဖြည့်စေရတာမျိုးတွေ မရှိစေလို. . ။

ဟိုးအရင်နှစ်တွေတုန်းက မဖြစ်မြောက်ခဲ့ရတဲ့ဆန္ဒလေးကို အခုလိုကြုံကြိုက်ချိန်လေးမှာ တတ်နိုင်သလောက် ဖန်ဆင်းချင်သည်။

ဟိုဟိုဒီဒီလျှောက်ဝယ်ရင်းက များပြားလာသောအထုပ်တွေကို သယ်ရင်းဦးတည်ရာဆီ နှင်ရသည်က ထင်သလောက်မလွယ်သော်လည်း ပျော်ရွှင်ခြင်းတစွန်းတစက တွယ်ကပ်လို့. . ။

သူတို့တုန်းကလည်း အထုပ်တွေဆွဲလို့ ဝင်လာတဲ့လူတွေကိုမြင်ရင် သိပ်ကိုပျော်ခဲ့ရသလို အခုသူ့ကိုတွေ့ရင်လည်း ဂေယာအသိုက်အမြုံလေးထဲက ရှင်သန်ခြင်းလေးများက ခုန်ပေါက်နေလောက်မှာ. . ။

တက်ကြွလာတဲ့ခြေလှမ်းတို့နဲ့ ဦးတည်ရာကနီးကပ်လို့. . ။

"မျှော်လင့်ရာ"ဆိုတဲ့ဂေယာလေးဆီက ကလေးများရဲ့ပျော်ရွှင်မြူးတူးသံများကြားလာရတဲ့အခါ သူ့မှာရင်တွေပါတုန်လို့. . ။

ဘာတွေများပြောင်းလဲသွားလောက်ပြီလဲ။

သူ့ကိုကြည့်ရှုပေးခဲ့တဲ့ ဂေယာမှူးတို့ကော ရှိနေဦးမှာလား။

If we never metWhere stories live. Discover now