!တီ.......!
ထိုအချိန်ချသွားသော ဖုန်းသံကြောင့် ခွန်းခက်ပိုင် တောက်ခ်ခေါက်မိသည်။စိုင်းမင်းခသူငယ်ချင်းမို့ အကုန်လိုက်လျောပေးတာကို သူမကတကယ်ဆိုးပါသည်။ခွန်းခက်ပိုင် မင်းဝေကို ဖုန်းဆက်လိုက်ပြီး သူမဆီသွားပေးဖို့ပြောလိုက်တော့သည်။
သူကတော့ လေယာဥ်တက်ကတော့မယ်လေ။
မြန်မာပြည်ပြန်ရောက်တဲ့အချိန်ထိ ခွန်းခက်ပိုင်
စိုင်းမင်းခကိုအဆက်သွယ်မလုပ်ခဲ့ပါ။မွေ့နေ့ရက်မို့ Suprise လုပ်မယ်တွေးကာ အိမ်ကိုရောက်သွားခဲ့ပေမယ့် ကိုယ်အရောက်သူအထွက်ပင်ဆိုရမလား။သူရောက်လာတော့ စိုင်းမင်းခကအခုဘဲ
ဆိုင်ကယ်နဲ့ထွက်သွားတာတဲ့လေ။နေရာကိုမေးပြီးတာနဲ့ ခွန်းခက်ပိုင် စိုင်းမင်းခအနောက်ကိုလိုက်လိုက်တော့သည်။Bar ကိုဝင်လိုက်တာနဲ့ တွေ့လိုက်ရတဲ့ မြင်ကွင်းက ခွန်းခက်ပိုင်ရဲ့အရာရာကိုနင်းခြေပစ်ဖို့အတွက် လုံလောက်ပါသည်။
ထိုမြင်ကွင်းကို မြင်ပြီး လက်ထဲကယူလာတဲ့ ကိတ်မုန့်ရော ဆွဲကြိုးလေးရော က မြေပြင်ထက်ပြုတ်ကျသွားတော့သည်။
.
.
.
စိုင်းမင်းခ ထွက်သွားမယ့်အလုပ် ရုတ်တရက်အနမ်းခံလိုက်ရတဲ့ နှုတ်ခမ်းပါးတစ်စုံ။အံ့သြနေစဥ်မှာမြင်လိုက်ရတဲ့ ထိုလူ့မျက်နှာ။အရှေ့ကလူကို
စိုင်းမင်းခအတင်းတွန်းလိုက်ပြီး ခေါင်းရမ်းမိသည်။ပြောချင်ပေမယ့် စကားတွေကနှုတ်ခမ်းဖျားကနေမထွက်လာခဲ့။*ဟင့်အင်း ကိုကိုထင်ထားသလိုမဟုတ်ဘူး
ကျွန်တော်က ဟင့်အင်း.....ကိုကိုသူ့ကိုအထင်လွဲသွားမလား*စိုင်းမင်းခ ဘာပြောရမှန်းမသိ အဲ့နေရာမှာရပ်နေပေမယ့် ခွန်းခက်ပိုင်ကတော့ ထိုမိန်းမမျက်နှာကိုသေချာကြည့်ကာ စိုင်းမင်းခကိုအနောက်သို့ပို့လိုက်တော့သည်။
"သူများအပိုင်ကိုအဲ့လောက်တောင်လုချင်နေတာလား မင်းအတွက် ယောကျာ်းကအဲ့လောက်တောင်ရှားနေသလား"
"အဟက် သူများအပိုင်လို့ပြောရအောင် ရှင်ကသူ့ကိုရှင့်အပိုင်ဖြစ်ကြောင်း တံဆိပ်ရိုက်ထားလို့လား
အဟက် မူးရူးပြီးမှားခဲ့ပြီးတော့ ဟန်ဆောင်စေ့...."
Part 20 (Uni+ ZawGyi)
Start from the beginning