" အဲ့တော့ဘာဖြစ်လဲကွာ "

" မင်းမရမှာကြိမ်းသေတယ် "

" စောင့်ကြည့်လိုက် "

ရိလင်ဟာ လွယ်အိတ်အား ထိုကျောင်းသားလေးလက်မောင်းသို့ပစ်ချလိုက်လေသည်။လက်တန်းလွန်းသည့်ရိလင်၏ပစ်ချက်သည် ထိုကောင်လေးအားတည့်မှန်လေတော့သည်။

ရိလင်သည် ထိုကောင်လေးအနားသို့ပြေးသွားလိုက်ပြီး လွယ်အိတ်အားကောက်ကိုင်လိုက်လေသည်။ပြီးသည်နှင့် မျက်ခုံးများစုကြုံ့ကာ ကြည့်လာလေသော ထိုကောင်လေး၏ပါးသို့တစ်ချက်နမ်းလိုက်လေသည်။

" ပါးကိုခိုက်မိတာမလား ခုနကအတွက် အရော်ပေးတာ ရည်ရည်ရွယ်ရွယ်ပစ်လိုက်တာဆိုတော့ မတောင်းပန်ချင်ဘူး ရော်ကြေးပဲယူ"

ရိလင်ဟာပြောချင်ရာပြောပြီးထွက်သွားလေသည် ထိုကောင်လေးကတော့ ထိုနေရာတွင် အူကြောင်ကြောင်လေးနှင့် ပါးလေးကိုင်ကာရပ်နေမိလေသည်။

ဘဝမှာပထမဆုံးကိုယ်ထိပါးရောက်အနမ်းခံရခြင်း....

ထိုကောင်လေးနာမည်က Don တရုတ်အမည်က ရှောင်းတုဖေး ၊ သူဟာတရုတ်လူမျိုးတစ်ယောက်ဖြစ်ပေမဲ့ USမှာသာအနေများသူတစ်ယောက်ဖြစ်သည်မို့ အသားအရည်လေးနှင့်ရုပ်ရည်ကအစ တရုတ်လူမျိုးများနှင့်မတူစွာချစ်ဖို့ကောင်းနေလေသည်။

" Don "

" ..... "

" မင်းကိုခုနရန်စသွားတဲ့ကောင်က ရှောင်ရှောင်းရိတဲ့ သူ့ကိုပြန်ရန်မလုပ်လိုက်လို့တော်သေးတယ် မင်းသာပြန်ရန်လုပ်ရင် သူ့မိဘတေနဲ့တိုးမှာ အသေအချစ်ခံရတာ အရေးကြီးဆုံးက သူ့မိဘတေက ယောက်ျားချင်းလက်ထက်ထားတာတဲ့ "

" သူတစ်ပါးကိုရှုံ့ချဖို့မင်းကိုဘယ်သူကခွင့်ပြုထားတာလဲ "

" What "

" ခွာခွာနေ မကပ်နဲ့ မမေးပဲမဖြေနဲ့ "

Donဟာ ထိုလိုလူတစ်ယောက်ဖြစ်သည်ဟုသင်ထင်နေလျှင်မှားပါသည်။Donဟာစိတ်ထဲရှိရာကိုသာပြောတတ်ပြီး မလုပ်တတ်သည့်အရာဟူသည်ခပ်ရှားရှား Donအတွက် ပထမဆုံးရန်စရဲသူကိုDonပထမဆုံးတွေ့မိခြင်းဖြစ်‌သည့်အပြင် သူ့အကြိုက်ပုံစံမို့ အနည်းငယ်တော့သဘောကျမိသွားသည်။ထို့အပြင် သူ့၏ပါးကိုပါနမ်းသွားသည့်‌ထိုလူကြောင့် Donတစ်ခြားလူဆိုစိတ်တိုနိုင်မည်ဖြစ်သော်လည်း ထိုလူကိုတော့စိတ်တိုလို့ကိုမရပေ။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now