16.{ final }

Depuis le début
                                    

" ရှောင်းကျန့် မင်းသားကိုအဲ့တာတေသွားပြောတာလား "

" အခန်းကအသံမလုံဘူးလေ ပါး "

ရိပေါ်၏ဆူသံကြောင့် ရှောင်းရိလေးသည် သူ၏Daddyအဆူမခံနိုင်ရန် အမှန်တရားအားထုတ်ပြလေတော့ အရှက်သည်းရသည်ကရိပေါ်ပင်ဖြစ်သည်။

" Dad အရမ်းလွမ်းနေရင် ပြန်စလိုက်နော် သားညီမလေးလိုချင်တယ် ကျောင်းကို driverခေါ်သွားလိုက်မယ် Bye pa Bye Dad "

" ရှောင်ရှောင်းရိ "

" ကိုကို "

" မချွဲနဲ့လုံးဝပဲ ငါမင်းကိုသတ်ချင်နေတာနော် ရှောင်းကျန့် "

" ရှောင်းကျန့်ကဘယ်ကောင်လဲ မောင့်ကိုပြောရိုက်သတ်မယ် အဲ့ကောင်ကို မောင့်ကိုကိုနှုတ်ဖျားကထွက်လာအောင်လုပ်တာဘယ်ကောင်လဲ "

" ပါးစပ်ပိတ်! "

" ကိုကိုကလည်းဗျာ "

ချက်ချင်းရိပေါ်အားဖက်ကာ ဗိုက်ကိုခေါင်းအပ်၍ ခါးကုန်းကာချွဲနေသည့်ရှောင်းကျန့်သည် မတွေ့ရသည့်ဆယ်နှစ်အတွင်း သိပ်ကိုကလေးဆန်လာလေသည့်အပြင် သိပ်ကိုချစ်ဖို့ကောင်းလာလေသည်။သိပ်ကိုလည်းချွဲတတ်နေလေပြီ။

>>>>

" ဟျောင့် ရိလင် "

ရှောင်းရိလေးအား သူငယ်ချင်းများသည် ရိလင်ဟုခေါ်တတ်ကြသည်။

" အေးပြော "

" ငါတို့ကျောင်းကို လူသစ်တစ်ယောက်ပြောင်းလာတာမင်းသိလား "

" အခုမှလာတာကို မင်းကြီးတော်ကြီးကိုသိရမှာလား မမလဥ "

" ဘီး "

ဆဲခြင်းမမည်သောဆဲခြင်းကိုသာအသုံးပြုတတ်ကြသည့် ရှောင်းရိလေးတို့အဖွဲ့သည် တမင်ကိုဆဲနည်းအလွဲများဆဲတတ်ကြသည်။အရမ်းစိတ်တိုနေလျှင်သာဆဲတတ်ကြသည်။

" ဟ ချောတယ်ကွ "

" အဲ့တာ အဲ့တာပဲလေ လူသစ် လူသစ် "

ရှောင်းရိလေး၏ချောတယ်ဟူသည့်စကားလေးကြောင့် သူ့သူငယ်ချင်းဖြစ်သော လုကျင်းက ကျောင်းသားသစ်‌ဖြစ်ကြောင်းထောက်ခံလေသည်။

" ငါကြိုက်တယ် "

" ဟမ် ရိလင် သူကချေတယ်နော် "

ကျုပ်အပိုင်{ Complete✓ }Où les histoires vivent. Découvrez maintenant