>>>>>

" ကျောင်းအုပ်နဲ့ထိဖြစ်တယ်ဆိုတော့ ဘာဖြစ်ကြတာလဲ သားသား "

" သားဘာသာလိုက်ချင်လို့လိုက်တာကို သူ့သမီးလိုက်လို့တဲ့ "

ထမင်းစားနေရင်း‌ပြန်ဖြေနေသည့်သားလေးသည် အေးအေးလူလူပင်ဖြစ်သည်။အရွယ်နှင့်မလိုက် လူကြီးဆန်လွန်းသည့်သားလေးသည် သူ၏ဖခင်နှင့်တစ်ပုံစံတည်းဖြစ်နေသည်။

" ဟမ် ကျောင်းအုပ်သမီးကိုလိုက်တာလား "

" အင်း "

" သားသားရာ တစ်ခြားသူကိုလိုက်ပါ့လား ဘာလို့ကျောင်းအုပ်သမီးကိုမှ "

" ကျောင်းအုပ်သမီးဆိုပြီး လိုက်တဲ့ကောင်တိုင်းကိုငြင်းလွှတ်တယ် အဲ့တာကြောင့်လိုက်တာ အဖြေချက်ချင်းပေးတယ်လေ အဲ့တာကြောင့် ဖြတ်လိုက်တာ အပေါစားဆန်လို့ အဲ့တာကိုကျောင်းအုပ်ကရုံးခန်းခေါ်တာ သားရုံးခန်းရောက်တော့ သားကို မင်းအဖေတွေက ယောက်ျားချင်းကြိုက်ပြီး ကွဲနေတာဆို မင်းကြဘာလို့မိန်းမကြိုက်တာလဲတဲ့ သားကိုမေးတယ် သားက ခင်ဗျားသမီးက ယောက်ျားနဲ့တူလို့လိုက်တာ ချက်ချင်းအဖြေပေးတော့ပျင်းသွားလို့ဖြတ်လိုက်တာပြောတော့ ဒေါကန်ရော သားကဘာမှားလို့လဲ အမှန်တိုင်းပြောတာလေ "

" ဟင် အဲ့လောက်ထိဖြစ်တာကို ကျောင်းအုပ်က သားကိုဘာမှမလုပ်ဘူးဆိုတော့ "

" အဘိုးလေ ပါးရာ အဘိုးရှိတာပဲ သူမထုတ်ရဲပါဘူး သားဗိုက်ဝပြီ ပါး "

အပေါ်တက်သွားသည့်သားအားကြည့်ကာ ခေါင်းအားလက်ဖြင့်ထောက်၍ အိမ်တော်ထိန်းဒေါ်လေးအား သံပုရာရည်တစ်ခွက်ဖျော်ခိုင်းလိုက်သည်။
အိမ်ပေါ်သို့တက်သွားသည့်သား‌သည် နာရီအားကြည့်လိုက်ပြီး နှုတ်မှ 3.2.1ဟုရေ၍ ပြည့်သွားသည်နှင့်လက်ဖျောက်တစ်ချက်အားတီးကာ ပြုံး၍သူ့အခန်းတွင်းသို့ဝင်လိုက်သည်။

* ပါး သေချာပေါက်ပျော်မှဖြစ်မှာနော် ပါးကိုထားခဲ့လို့ သားDadကို ငါးနှစ်လုံးlessonပေးပြီးသား သားမွေးနေ့ကဒီနေ့လေ ပါးအတွက်သားကလက်ဆောင်ပေးတာ သားမွေးနေ့မို့ *

ရိပေါ်သည်ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများအားပြောပြခဲ့သည်မို့ သားဖြစ်သူသည် သူ၏ဖခင်နှစ်ပါး၏အဖြစ်အပျက်အားအစအဆုံးသိနေလေသည်။ထို့ကြောင့်ထိုကိစ္စတွင် Dadကိုသနားသော်လည်း မစဉ်းစားပဲဆုံးဖြတ်ခဲ့သည့် Dadကိုအပြစ်ပေးချင်သည်မို့ ငါးနှစ်လုံးသူ၏ပါးနားမကပ်ခိုင်းခဲ့ခြင်းဖြစ်သည်။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now