" သားသားရယ် ပါးအရမ်းစိတ်ပူသွားတာ "

" ပါးစိတ်ပူစရာမှမလိုတာ သားဘယ်တုန်းကရှုံးဘူးလို့လည်း "

" သား ကျောင်းအုပ်ကသားထက်ကြီးတယ်လေ "

" မကြီးဘူးလို့ သားပါးစပ်ကတစ်ခွန်းထွက်မိလို့လား ပါးသိလား အဲ့လူကြီးကသောက်ရစ်ရှည်တယ် "

" မောင်ရိပေါ် မင်းသားကအရမ်းရိုင်းလွန်းတယ် ခနခနမင်းကို ရုံးခန်းခေါ်ရတာလည်းမနည်းတော့ဘူး ဒါပေမဲ့လည်း အခုတော့မင်းရဲ့သားကိုပြန်ခေါ်သွားပါ "

" ဗျာ "

" ကိစ္စတေရှင်းပြီးသားမို့ပြန်ခေါ်သွားလိုက်တော့ ရပြီလို့ပြောတာပါ "

" ဟုတ် ကျောင်းအုပ်နှာခေါင်းက "

" အဲ့တာသူ့ထိုက်နဲ့သူ့ကံခံရတာ လာတော့ ပါး သားဗိုက်ဆာနေပြီ "

ရိပေါ်ကိုယ်ပေါ်မှဇွတ်ဆင်းကာ ရိပေါ်လက်အားဆွဲ၍ ခေါ်သွားလေသည်။ကျန်းချန်ကတော့နားမလည်နိုင်မဖြစ်မိပါ။ရန်ခနခနဖြစ်တတ်သည့်သားဖြစ်သူကို ရိပေါ်လာခေါ်တိုင်းအေးဆေးပဲပြန်ထည့်လွှတ်တတ်သည်။ ဖြေရှင်းရသည်ကခပ်ရှားရှားဖြစ်လာသည်မှာ သားငါးနှစ်သားကတည်းကပင်ဖြစ်သည်။သူတို့လာခေါ်တိုင်း ရှောင်ရှောင်းရိလေး၏ရန်ပွဲများသည်ဖြေရှင်းပြီးနေပြီဖြစ်‌သည်။ထို့အပြင် ထိုကိစ္စများသည် သားလေးဟိုဘက်အိမ်သွားမည်ဟုပြောကာ ညနေမှအိမ်ပြန်လာသည့်အချိန်မှစခဲ့သည်။

ရိပေါ်တို့ထွက်သွားသည်နှင့် ထောင့်တစ်နေရာမှလူတစ်ယောက်ထွက်လာ၍ ကျောင်းအုပ်စားပွဲခုံပေါ်သို့ ချက်တစ်ခုအားပစ်ချလိုက်သည်။ပြီးသည်နှင့်ထိုနေရာလေးမှစတိုင်ကျကျထွက်သွားလေသည်။

" သားသား "

" ဗျာ "

" ကျောင်းအုပ်ကိုရိုက်လိုက်တာလား သား "

" သားလက်နဲ့တောင်မထိဘူး "

ရိပေါ်သက်ပြင်းတစ်ချက်အားခပ်ပြင်းပြင်းချမိလေတော့ ပါးအားလာနမ်းသည့်သားဖြစ်သူကြောင့် ရိပေါ်ပြုံးမိပြန်သည်။သားသည် သူသက်ပြင်းချသည်ကိုမကြိုက်ပါ။ထို့ကြောင့် သူသက်ပြင်းဆက်မချရန်အမြဲ ပါးအားနမ်းကာ ဖက်လေးရှိသည်။ရှောင်းရိလေးသည် တစ်နေရာသို့ကြည့်လိုက်ပြီး လျှာထုတ်ကာပြောင်ပြလိုက်သည်။ထိုအဖြစ်အပျက်လေးများအား ကား၏တစ်နေရာတွင်တပ်ဆင်ထားသည့် camera လေးကမှတ်တမ်းတင်လျက်...

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now