ယှဉ်ပြိုင်သူနှစ်ယောက်ဟာ သိုင်းပညာပေါင်းစုံကို တမျိုးပြီးတမျိုး ထုတ်သုံးသွားခဲ့တယ်။ ဒါပေမဲ့ ဖန်မင်ကွမ်ဟာ ဆယ်မျိုးမှာ တမျိုးလောက်ပဲ အမျိုးအမည်ခွဲခြားသိပါတယ်။

ဖန်မင်ကွမ်ဟာ ယှဉ်ပြိုင်နေသူနှစ်ယောက်ကို ကြည့်ရင်း သူဘာမှ မသိသေးဘူးလို့ ခံစားလာရတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲကို မှတ်တမ်းယူခွင့်ရခဲ့လို့ ဝမ်းသာမိတယ်။ ပြိုင်ပွဲပြီးသွားရင် တစက္ကန့်ချင်း ပြန်ကြည့်လို့ရတယ်၊ မဟုတ်ပါလား။

ဖန်မင်ကွမ်ဟာ တိုက်ခိုက်ရာမှာ မကျွမ်းကျင်ပေမဲ့ ပြိုင်ပွဲတွေကို စိတ်ဝင်စားတာကတော့ သူ့ဝသီပါပဲ။
-------- --------- -------- ------- --------
ပြိုင်ပွဲက အထွတ်အထိပ်ကို ရောက်လာတယ်။ ပွဲကြည့်ပရိသတ်တွေ ရင်တမမနဲ့ ကြည့်ရှုရတဲ့ပွဲဖြစ်သလို ပွဲကြည့်ပရိသတ်တွေကို ထိုင်ခုံအစွန်းကို အရောက်ပို့နိုင်တဲ့ပွဲလဲဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်နေတဲ့ နှစ်ယောက်ဟာ မပြောပလောက်တဲ့ အမှားအယွင်း လေးကိုတောင် လုပ်လို့မရပါဘူး။ လုပ်လိုက်တာနဲ့ ညီနေတဲ့ အတိုင်အဖောက်မျှခြေဟာ ပျက်သွားပါမယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ဟာ သက်လုံနဲ့ခံနိုင်ရည်ကိုလဲ ထိန်းသိန်းထားရတယ်။ အဲဒါတွေကို ကြည့်ရှုသူဘယ်သူမဆို သိကြပါတယ်။ အဲဒါကြောင့် ရင်တထိပ်ထိပ်ခံစားမှုနဲ့ စိတ်မသက်မသာခံစားမှုတို့ဟာ ပွဲကြည့်ပရိသတ်ရဲ့ ပတ်ဝန်းကျင်ကို လွှမ်းခြုံထားခဲ့ပါတယ်။ 

သူတို့နှစ်ယောက်ဟာ အတိုင်အဖောက်အလွန်ညီတယ်။ သိုင်းကွက်တွေကို အပြန်အလှန်သရုပ်ပြနေတာနဲ့တူတယ်။ သိုင်းကွက်တကွက်အပြီးမှာ ချေဖျက်ကွက်တကွက်ကလဲ အမြဲအဆင်သင့်ပါပဲ။ ပထမဆုံးအမှားလုပ်သူဟာ ဒီပွဲမှာ ရှုံးမဲ့သူပါပဲ။

ဒါပေမဲ့ ပြိုင်ပွဲက သုံးနာရီကြာသွားတဲ့အထိ အပြောင်းအလဲမရှိသေးပါဘူး။
-------- --------- -------- ------- --------
ယွမ်ကျူ းဖုန်ဟာ ချွေးစို့နေရာကနေ ချွေးတပြိုက်ပြိုက်ကျလာတယ်။ ဒီပွဲမှာ ခန္ဓာကိုယ်က မပင်ပန်းပေမဲ့ စိတ်ကတော့ အရမ်းပင်ပန်းနေပါတယ်။

ဒါပေမဲ့ သူ့ပြိုင်ဘက်ကတော့ အမှားကို အခုအချိန်အထိ တစိုးတစိတောင် မပြသေးပါဘူး။ ပြီးတော့ စိတ်လှုပ်ရှားမှုကိုလဲ လုံးဝမပြခဲ့ဘူး။ သူဟာ ဖျက်ဆီးလို့မရအောင် တည်ဆောက်ထားတဲ့ စက်တလုံးရဲ့ အေးစက်စက်နိုင်မှုနဲ့ မနားတမ်းတိုက်ခိုက်နေခဲ့တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးDär berättelser lever. Upptäck nu