ဟန်ဆန်းဟာ စိတ်တွေပျံ့လွင့်နေတယ်။ အခုအချိန်မှာ သစ်ရွက်ချင်းပွတ်တိုက်သံတရှဲရှဲကတောင် သူ့ကို ထိတ်လန့်စေပါတယ်။

ဟန်ဆန်းဟာ ချိုင့်ဝှမ်းကို စောင့်ကြည့်ရင်း ပျင်းရိလာတယ်။ အဲ့ဒါကြောင့် အာရုံပြောင်းတဲ့အနေနဲ့ အဝေးက တောအုပ်ဆီကို လှမ်းကြည့်လိုက်တယ်။ လူတယောက်ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ဦးလေးပိုးကောင်ပါပဲ။ 

ဟန်ဆန်းဟာ ဒီနေရာကို ဦးလေးပိုးကောင်ရောက်လာလိမ့်မယ်လို့ မျှော်လင့်မထားတာမို့ အံ့အားသင့်သွားပါတယ်။

“ ဒီကို လာရင် အန္တရာယ်ရှိတယ်လို့ သူပြောခဲ့တယ်၊ ဒီကို မလာဘဲ အဝေးမှာ နေလို့ သူပဲ သတိပေးခဲ့တယ်၊ သူကျတော့ ဘာလို့ ဒီကို လာတာလဲ "

ဟန်ဆန်းဟာ မျက်မှောင်ကြုတ်လိုက်မိတယ်။

ဦးလေးပိုးကောင်ဟာ အိတ်ကြီးတလုံးကို ထမ်းပြီး ခပ်သွက်သွက် လမ်းလျှောက်လာတယ်။ အိတ်ကြီးဟာ လှုပ်ယမ်းနေတယ်။ အထဲမှာ တစုံတရာပါလာပုံရတယ်။ ဟန်ဆန်းက အဲ့ဒါဘာလဲလို့ အာရုံခံကြည့်လိုက်တယ်။ အသက်အားတခုဆိုတာထက် ပိုမပြောနိုင်ပါဘူး။

ဦးလေးပိုးကောင်ဟာ
ချိုင့်ဝှမ်းအဝင်ဝဆီကို ချဉ်းကပ်လာတယ်။ အဝင်ဝရောက်တော့ ရပ်လိုက်တယ်။ ပြီးနောက် သဲပြင်ကို တချက်ချောင်းကြည့်ကာ အိတ်ကို ပစ်ချလိုက်တယ်။

ဦးလေးပိုးကောင်ဟာ သန်မာတယ်။ သူထမ်းလာတဲ့ အိတ်ကြီးဟာ လူတယောက်အရွယ်လောက်ကြီးတယ်။ ဒါတောင်မှ သူဟာ အိတ်ကို ပေသုံးထောင်အကွာလောက်ရောက်အောင် လွှင့်ပစ်နိုင်ခဲ့တယ်။

အိတ်ထဲမှာပါတဲ့ တစုံတရာ ဟာ ထိတ်လန့်တကြား ဖြစ်သွားပုံရတယ်။ မြေပြင်ပေါ်ကို ပြုတ်ကျပြီးနောက် တုန်လှုပ်ချောက်ချားသွားတယ်။ ဒါပေမဲ့ ကံမကောင်းတာက တင်းတင်းကျပ်ကျပ် ချုပ်နှောင်ခံထားရတာကြောင့် မလွတ်မြောက်နိုင်ပါဘူး။

ဟန်ဆန်းက အိတ်ကြီးကို ကြည့်ပြီး တွေးလိုက်တယ်။

'' အဲဒီအထဲမှာ ဘာပါလဲ၊ သူက ငါလုပ်ခဲ့သလို လုပ်နေတာလား၊ ဒီချိုင့်ဝှမ်းထဲမှာ ပုန်းအောင်းနေတဲ့ အရာကို ဖော်ထုတ်ဖို့ ကြိုးစားနေတာလား ”

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးDove le storie prendono vita. Scoprilo ora