ဟန်ဆန်းဟာ အချိန်ပိုပေးပြီး တကြိမ်မှာ ပိုးကောင်ဆယ်ကောင်စီ ပစ်ချခဲ့တယ်။ သူဟာ ဖြစ်ပျက်နေတာတွေကို ဖော်ထုတ်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ပေမဲ့လဲ အခုအချိန်အထိ ဘာသဲလွန်စမှ မရရှိဘဲ ဖြစ်နေတယ်။ အာကာသအက်ကွဲကြောင်းသီအိုရီအရ အာကာသအက်ကွဲကြောင်းထဲ ကျသွားရင် ပိုးကောင်တွေပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့ အယူအဆဟာလဲ ဖြစ်နိုင်ခြေရှိမဲ့ပုံမပေါ်ပါဘူး။ အာကာသထဲမှာ ပေါက်ကွဲတာတွေရှိခဲ့ရင်လဲ ဧရာမအပေါက်ကြီးတွေ၊ တွင်းကြီးတွေပဲ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

အာကာသထဲက အက်ကွဲကြောင်းတွေကို ထောက်လှမ်းဖို့က ဟန်ဆန်းအတွက် ခက်ခဲပေမဲ့ သူတို့ဆီက မကြာခဏ ထုတ်လွှတ်နေတဲ့ တောက်တောက်ပပအလင်းရောင်သဲ့သဲ့ကို မြင်အောင်ကြည့်ဖို့ကတော့ ဟန်ဆန်းအတွက် မခက်ခဲပါဘူး။ စိတ်အားထက်သန်တဲ့ သူ့မျက်လုံးတွေက မြင်နိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို သိနိုင်ဖို့ ဘာသဲလွန်စမှ သူ့ဆီမှာ မရှိပါဘူး။ ဒါမှမဟုတ် ဖြစ်နိုင်ခြေရှိတဲ့ အတွေးတွေကိုလဲ သူမတွေးနိုင်တော့ပါဘူး။ ဒါပေမဲ့လဲ သူ့စိတ်ကတော့ အတွေးတွေနဲ့ လေးနက်နေပါတယ်။

ဟန်ဆန်းဟာ ချိုင့်ဝှမ်းထဲကို ကိုယ်တိုင်မဆင်းရဲတာကြောင့် တောင်ထိပ်ပေါ်ကပဲ ဘေးကင်းရန်ကင်း စောင့်ကြည့်နေပါတယ်။

နောက်ဆုံးတော့ ကြယ်ရောင်တွေလက်တဲ့ မဟူရာညနက်ကို ရောက်လာခဲ့တယ်။ လဟာ ကောင်းကင်ထက်မှာ တောက်တောက်ပပ သာနေတယ်။ ဒီနေရာမှာ နာရီများစွာ ကုန်ဆုံးခဲ့ပေမဲ့ ဟန်ဆန်းဟာ ဘာအဖြေကိုမှ မထုတ်နိုင်ခဲ့ပါဘူး။

ထူးဆန်းချိုင့်ဝှမ်းဟာ အင်မတန် တိတ်ဆိတ်လွန်းတယ်။ ထူးခြားဖြစ်စဉ်တခုခုများ ဖြစ်လာမလားလို့ ဟန်ဆန်းဟာ ခေါင်းမာမာနဲ့ စောင့်ကြည့်နေခဲ့တယ်။ ဒါပေမဲ့ အချိန်တွေပဲ ကုန်လွန်သွားခဲ့တယ်။ ထူးထူးခြားခြား ဘာတခုမှ ဖြစ်မလာပါဘူး။

သဲတွေအောက်မှာ သားရဲတကောင်ကောင် ပုန်းအောင်းနေတယ်ဆိုရင်လဲ ပိုးကောင်တွေကို သဲလွန်စမကျန်ဘဲ ဘယ်လိုဆွဲယူနိုင်မှာလဲ။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးOnde as histórias ganham vida. Descobre agora