"အိမ်နီးနီးလေးကိုအခုမှပဲတွေ့ရတော့တယ်
အန်တီ့ဟယ်ဝန်းလေးအများကြီးချောလာတာပဲကောင်လေးရနေပြီလား"
"အန်တီ့သားကြောင့်ရချင်ရင်တောင်မရနိုင်သေးပါဘူးအန်တီရယ်"
"ငါနဲ့ဘာဆိုင်လို့လဲ"
ကျမထယ်ရယ်မေမေကိုပြန်တိုင်တာကြောင့်ထာ်ရယ်တစ်ယောက်အိုးမလုံအုံပွင့်ဖြင့်ထပြော၏
"ဂင်မ်ထယ်ရယ် ဟယ်ဝန်းဘေးကကောင်လေးတွေကိုခြိန်းခြောက်လိုက်ပြန်ပြီလားဟင်"
ထယ်ရယ်မေမေဟာထယ်ရယ့်အကြောင့်သိတာကြောင့်မေးတော့
"မေမေကလဲယောက်ျားတွေကကောင်းတာမှမဟုတ်တာ အမြဲခေါင်းငြိမ့်ခံတဲ့အဲ့အရူးကြောင့်အလိမ်မခံရအောင်သားကကာကွယ်ပေးတာပါ"
ဟုထယ်ရယ်ပြန်ပြောလေရဲ့
"နင်ကလွဲရင်ကောင်းပါတယ်နော်"
သားမိကြားဖြတ်ပြီးကျမဝင်ပြောလိုက်ပါသည် ထိုအခါထယ်ရယ်က မဟုတ်တာမပြောနဲ့ဆိုတဲ့ရုပ်ဖြင့်ကျမကိုပြူးပြဲပြီးမျက်စပစ်နေလေရဲ့ ဒါဟာဂင်မ်ထယ်ရယ်အသက်ကြီးလဲအခုထိကလေးစိတ်မကုန်သေးဘူးဆိုတဲ့သက်သေနောက်တစ်ခုပင်
"ထယ်ရယ်သားကျရည်းစားတွေအများကြီးကိုဟယ်ဝန်းကျရည်းစားပေးမထားဘူးဆိုတာတော့မဖြစ်သင့်ဘူးလေ"
"ပြောပြလိုက်အန်တီသူ့ကြောင့်သမီးမှာမိန်းကလေးသူငယ်ချင်းရောယောက်ျားလေးသူငယ်ချင်းပါမရတော့ဘူး"
ထယ်ရယ်မေမေဟာကျမတို့နဲ့ တွေ့ဆုံတဲ့အချိန်နည်းပါးလှသော်လဲကျမအပေါ်ထယ်ရယ်ဘယ်လိုအတ္တမျိုးရှိသည်ဆိုတာတော့ကောင်းကောင်းသိ၏
ဒါဟာမိခင်တစ်ယောက်ရဲ့သားသမီးအပေါ်ထားတဲ့ဂရုစိုက်မှုစိတ်စွမ်းအားမျိုးဖြစ်နိုင်ပါလိမ့်မည်။
"သားကယောက်ျားလေးလေတူမှမတူတာ အဝတ်စားသွားလဲဦးမယ်"
ထယ်ရယ်သူ့ကိုဝိုင်းပြောတော့စိတ်ကောက်သွားပုံဖြင့်အပေါ်ထပ်ကိုတက်သွားတော့သည်။
"ဒီကလေးနဲ့သူငယ်ချင်းအပေါ်စိုးရိမ်ကလဲလွန်တတ်ပါ့"
ထယ်ရယ်မေမေကတော့ ထယ်ရယ်ကျမအပေါ်ဘယ်လိုသဘောထားလဲသိလောက်ပေမယ့် ထယ်ရယ်သူ့ရဲ့ခံစားချက်အစစ်အမှန်ကို
မထုတ်မပြမချင်း သူမသည်လဲသူမသားရဲ့
လျို့ဝှက်ချက်ကိုထပ်ထိန်းသိမ်းပေးထားမည့်ပုံပင်
အကုန်စားပြီးသောက်ပြီးအချိန်ကြည့်တော့ည၇နာရီထိုးဖို့၁၅မိနစ်အလိုပင်
ထယ်ရယ်မေမေကတော့ဆေးရုံညဆိုင်းနေ့ဖြစ်တာမို့၆နာရီတည်းကအိမ်ကနေထွက်သွားတာကြောင့်အခုထယ်ရယ်အိမ်မှာထယ်ရယ်နဲ့ကျမအပြင်မည်သူမှရှိမနေပါ။
"ရှင်းမ်းဟယ် "
ဝရံတာမှာ ကိုလာ သောက်ရင်ကောင်းကင်ထပ်ကြယ်များကိုလှပစွာကြည့်နေတုန်းထယ်ရယ်ရုတ်တရတ်ကျမကိုလှမ်းခေါ်ပြီးမေးခွန်းတစ်ခုမေးပါသည်
YOU ARE READING
블루밍 Blueming
Part- 3
Start from the beginning