ကျမလဲကျမရဲ့စာသင်ခန်းစီသို့သွားပြီးထယ်ရယ်လဲစက်ဘီးထားကာသူ့စာသင်ခန်းသို့သွားလေသည်

"အာညော်န် ဂယူဘင်း"

"အင်းအားညော်န်ဟယ်ဝန်းနား"

အခန်းထဲဝင်တော့ဂယူဘင်းကိုနှုတ်ဆက်လိုက်တော့ဂယူဘင်းကျမအားပြန်နှုတ်ဆက်ပါသည် သို့သော် ကျမနောက်ကိုအရိပ်တကြည့်ကြည့်ဖြင့်တစ်ခုခုကိုရှာနေပုံကြောင့်
ကျမသိလိုက်ပါပြီ ဂယူဘင်းရှာနေတာ
ထယ်ရယ်မှတပါးမရှိနိုင်ပါ

"ဂင်မ်ထယ်ရယ်ကိုရှာနေတာလား"

"ဟင် ဘယ်လိုသိတာလဲ"

ကျမမေးတော့ဂယူဘင်းခမျာမျက်လုံးအပြူးသားဖြင့်လန့်သွားပြီးပြန်မေးနေလေရဲ့

"ရှာမနေနဲ့ထယ်ရယ်သူ့အခန်းသူသွားပြီ ဘာလို့လဲ ဂင်မ်ထယ်ရယ်ကိုကြောက်နေတာလား"

"အဲ့လိုတော့မဟုတ်ပေမယ့်"

"သူ့ကိုစိတ်ထဲထားမနေပါနဲ့ဆိုသူကအမြဲအဲ့တိုင်းပဲ ငါ့ကိုငတုံးထင်ပြီးယောက်ျားတွေကလိမ်သွားမယ်ပဲမြင်နေလို့ဟိုနေ့ကလိုဖြစ်သွားတာပါ"

ဂယူဘင်းကိုရွှတ်နောက်နောက်နဲ့သာကျမရှင်းပြလိုက်ပါတော့သည်

"ထယ်ရယ်ကနင့်ကိုတော်တော်စိတ်ပူပုံပဲအမြဲအနားမှာဂရုစိုက်ပေးနေတော့"

"5နှစ်တည်းကပေါင်းလာလို့နေမှာပေါ့"

ငယ်စဉ်တည်းကသံယောစဉ်ကြောင့်လား
ဒါမှမဟုန်သဝန်တိုမှုလား ကျမကိုယ်တိုင်တောင်သေချာမသိတဲ့ထယ်ရယ်ရဲ့အတွင်းစိတ်မို့ တကယ့်ခံစားချက်အစစ်အမှန်ကိုကာယကံရှင်ထယ်ရယ်အပြင်သိနိုင်တဲ့လူမရှိပါ

အတန်းချိန်အားလုံးပြီးသွားပြီမို့ကျမအတန်းသန့်ရှင်းရေးကိုဂယူဘင်းအပါအဝင်အလှည့်ကျအတန်းဖော်တစ်ချို့နဲ့လျင်မြန်စွာလုပ်ပြီး ထယ်ရယ်လဲစောင့်နေလောက်ပြီမို့ထွက်လာလိုက်ပါသည်

ကျမနဲ့အတူတူဂယူဘင်းဘေးကပါလာသည်ကိုထယ်ရယ်တွေ့ပြီးကျမတို့ကျောင်းဆောင်အရှေ့မရောက်ခင်ကပင်အသံဩဩဖြင့်အော်ကာ

"ရားရှင်းမ်းဟယ် မြန်မြန်လာ နင်ဘာလို့နောက်ကျနေတာလဲ"

"ဟင် ငါမြန်မြန်လုပ်ပြီးထွက်လာတာပါ"

ပဲခေါက်ဆွဲစားရမှာမို့ပုံမှန်သန့်ရှင်းရေးအလှည့်ကျနေ့များထပ်ပို၍စောပြီးထွက်လာသော်လဲထူးဆန်းစွာနောက်ကျသည်ဟုထယ်ရယ်ပြောလာသည်မှာ ဂယူဘင်းကြောင့်ဆိုတာကျမအသေအချာသိပါသည်

"ဂယူဘင်းနား တာ့တာမနက်ဖန်မှတွေ့မယ်"

"အင်းကောင်းကောင်းသွားဟယ်ဝန်းနား ထယ်ရယ်ရော"

ဂယူဘင်းကနှုတ်ဆက်သော်လဲထယ်ရယ်ပြန်မနှုတ်ဆက်ပဲစက်ဘီးနင်းကာထွက်လာပါသည်

ထယ်ရယ်အိမ်ရောက်ရောက်ချင်းပင်ကျမအိမ်ထဲအပြေးဝင်ပြီးထယ်ရယ်မေမေကိုပြေးဖက်လိုက်ပါသည်ထယ်ရယ်မေမေဟာကျမရဲ့မိခင်အရင်းတစ်ယောက်နဲ့ပင်မခြားနားပါ

블루밍 Blueming Where stories live. Discover now