“ Ni အဆင်ပြေရဲ့လား ”
ကုတင်ဘေးသွားလိုက်ပြီး Jen နဖူးလေးကိုနမ်းလိုက်ကာ Lisa မေးလိုက်တယ်။
“ ဟုတ်ကဲ့ မောင် ”
“ ငါ့မြေးလေးကချစ်ဖို့ကောင်းလိုက်တာကြည့်ကြစမ်းပါအုံး ငါ့သမီး Jennie လေးနဲ့တစ်ပုံစံထဲပဲကွာ ”
Mr.kim ကသူမြေးမလေးကိုကြည့်ပြီးဂုဏ်ယူစွာပြောနေတယ်။ဘေးကအဘိုးအဖွားတွေလည်းမျက်နှာမှာအပြုံးကိုယ်စီနဲ့...။
“ ဟုတ်ပ။ညီမလေးနဲ့တစ်ပုံစံတည်းပဲ lalisa ငါ့ညီမလေးကိုအာ့လောက်ပဲချစ်ရလား ”
Lisa လည်းရှက်ရှက်နဲ့သူ့လည်ပင်းလေးကိုလက်လေးနဲ့ပွတ်နေမိတယ်။
အူဝဲ....အူဝဲ....အူဝဲ...
ဟော တစ်ချိန်လုံးငြိမ်နေရာမှ Lisa ရှက်နေတုန်းသူတို့ရဲ့ဆည်းလည်းလေးရဲ့ငိုသံလေးကြားရပါပြီ...။
“ Ni သမီးလေး ကနို့ဆာလို့ငိုနေတာထင်တယ် ”
မောင် သည်ကလေးလေးငိုနေတာကြောင့်ပုခက်ထဲကနေငြင်ငြင်သာသာလေးပွေ့ချီလိုက်တယ်။
“ ခနလောက်အပြင်ထွက်ပေးကြပါလား။ သမီးလေး ကိုနို့တိုက်ချင်လို့ ”
Lisa ပြောလိုက်တာကြောင့်အကုန်လုံးရဲ့အကြည့်တွေက Lisa ဆီကျရောက်လာတယ်။ထွက်ပေးစရာလိုလို့လားဆိုတဲ့အကြည့်နဲ့...။
“ ထွက်ပေးကြပါဗျာ။မဟုတ်ရင် Ni ရှက်နေမှာ ”
“ အေး။အေး။အေး ”
အကုန်လုံးထွက်သွားကြတော့ သမီးလေးကို Ni လက်ထဲထည့်ကာ နို့တိုက်ခိုင်းလိုက်တယ်။မောင် က Ni ဘေးလေးမှာကပ်ထိုင်ကာ သမီးလေး နို့စို့နေတာကိုအရည်လဲ့နေတဲ့မျက်ဝန်းလေးတွေနဲ့ရွှင်ရွှင်စာစာကြည့်နေတယ်။ဒီအရာလေးရလာဖို့မောင့်မှာဘယ်လောက်တောင်မျှော်လင့်ခဲ့ရလဲ...။
ပြီးတော့မောင့်လက်ဖဝါးလေးနဲ့နို့စို့နေတဲ့သမီးလေးရဲ့ပါးလေးကိုမထိတထိကိုင်ကြည့်နေမိတယ်။အသည်းယားစရာလေး...။
“ သမီးလေး က Ni နဲ့တစ်ပုံထဲကွာမောင့်ဖြင့်ဒီသေးသေးလေးနှစ်ယောက်လုံးကိုအသည်းတွေယားလိုက်တာ ”
Ni ပခုံးလေးကိုဖက်ကာ မောင် ကအားမလိုအားမရပြောနေသည်။ Ni မျက်နှာမှာလည်းအပြုံးတွေနဲ့။ဟုတ်ပါရဲ့ သမီးလေးက ni ရဲ့ကိုယ်ပွားမောင့်ရဲ့သွေးသားလေးပဲ။
မောင်က Ni နဖူးလေးကိုခပ်ကြာကြာလေးဖိကပ်နမ်းကာ...။
သမီးလေးရဲ့နဖူးလေးကိုရွှတ်ခနဲနမ်းလိုက်ကာ။
part_26(final)
Start from the beginning
