“ အာ အမောပြေလေးကိုတွေ့ရဖို့သွားရတာလည်းကြာလိုက်တာ ”
“ ပိုပြီ ”
“ လာပါအုံးအာဘွားပေးပါအုံး မောင် အရမ်းမောလာလို့ ”
လာပါအုံးလို့ခေါ်တာ ကျမ ကိုပြီးတော့သူပဲအရင်လာပြီးကျမကိုစိတ်ကြိုက်နမ်းနေတော့တယ်။အဆိုးလေးကိုမပြောတော့ဘူးရှင်...။
“ အာဒီဗိုက်ထဲက ကလေးလေးကိုအာဘွားပေးအုံးမယ် မွမွ ”
“ ချစ်ဖို့ကောင်းလိုက်တဲ့သားအမိ ”
ကျမဘက်ကိုနမ်းဖို့လှည့်လာပြန်တယ်။မရတော့ တားရတော့မည်။
“ မောင်....မောင်.... တော်ပြီတော်ပြီရေချိုးတော့နော် ”
“ အဟဲ ဟုတ်ကဲ့ပါ ”
အဲ့တော့မှစပ်ဖြီးဖြီးလုပ်ပြီးရေချိုးခန်းထဲဝင်သွားတော့တယ်။တစ်နေ့တစ်နေ့ဒီလူဆိုးလေးကိုလည်းမနိုင်ပါဘူးရှင်။
.
.
.
ဆေးရုံထဲကိုအလောတကြီးဝင်လာတဲ့ lalisa manoban အကြောင်းမှာ သူ့မိန်းမ Jennie Kim လေးကဗိုက်နာလို့ဆိုပြီးဆေးရုံရောက်နေတာကြောင့်သူ company ကအပြေးပြန်လာခြင်း။ရှိသမျှဘုရားအကုန်ကယ်ပါ li မိန်းမမွေးဖွားရလွယ်ပါစေဘုရား။
“ ဟဲ့ ငြိမ်ငြိမ်နေစမ်း lalisa manoban ”
ဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ lalisa ကို mrs.manoban ကြည့်မရတော့။
“ Omma ကလည်းဗျာ li မိန်းမကလေးမွေးနေတာကိုစိတ်မပူပဲနေပါ့မလား ”
ခနကြာတော့ jisoo ရော young ပါရောက်လာကြတယ်။
“ အခြေအနေဘယ်လိုရှိလဲ မေမေ ”
Jisoo အမေးကို mrs.kim က....။
“ အခုထိတော့ခွဲခန်းထဲမှာပဲသမီး ကဲထိုင်ကြထိုင်ကြ ”
နာရီဝက်လောက်ကြာတော့ doctor ထွက်လာတာနဲ့ Lisa သည်ချက်ချင်းပြေးသွားကာ။
“ doctor doctor li ဇနီးအခြေအနေဘယ်လိုရှိလဲဟင် ”
အလောတကြီးမေးနေတဲ့ Lisa ကြောင့်...။
“ စိတ်အေးအေးထားပါဗျာ။ကလေးရောအမေရောကျန်းမာရေးကောင်းပါတယ်။မိန်းခလေးလေးမွေးပါတယ်ဗျာ။ခနနေကျရင်တွေ့လို့ရပါပြီ။ကျတော့်ကိုခွင့်ပြုပါအုံး ”
“ ဟုတ် ဟုတ်။ကျေးဇူးအများကြီးတင်ပါတယ် doctor ရယ် ”
.
.
.
ခနကြာတော့ Jen တို့သားအမိရှိတဲ့ VIP room ထဲကိုမိသားစုစုံလင်စွာဝင်ခဲ့ကြတယ်။ lalisa ကတော့ထိပ်ဆုံးကပေါ့...။အခန်းထဲရောက်သည်နှင့်မြင်လိုက်ရတဲ့အရာလေးတွေသည်အသည်းယားသဖွယ်။ကုတင်ပေါ်ကသေးသေးလေးနဲ့ပုခက်ထဲကနီတာရဲလေး...။
part_26(final)
Comenzar desde el principio
