“ မောင် ဘာစားမလဲ ni ဘာလုပ်ပေးရမလဲ ”
အရင်လို Jen ပါးလေးတွေမပိန်တော့ Lisa နိုးလာတည်းကပါးဖောင်းဖောင်းလေးတွေပြန်ဖြစ်လာချေပြီ။
“ ရပါတယ် ni ရယ်အေးအေးဆေးဆေးနေပါကွာ။မပေါ့မပါးကြီးနဲ့ကို မောင် မခိုင်းရက်ပါဘူး။ခိုင်းရင်လည်း မေမေ တို့က မောင့် ကိုဆူမှာပေါ့ ni ရဲ့ ”
ကုတင်ခေါင်းရင်းကိုမှီကာလှဲနေတဲ့ Lisa ရင်ခွင်ထဲကို Jen ဝင်လိုက်တာနဲ့တပြိုင်နက် Jen ခေါင်းကို Lisa အနမ်းလေးကြရောက်လာတယ်။
“ Ni မောင့် ကိုဘယ်သူလုပ်ကြံတာလဲသိရပြီဆို ”
ရုတ်တရက်မေးလာတဲ့ Lisa ကြောင့် Jen ခနတော့ငြိမ်နေမိတယ်။ပြီးမှ...
“ အင်း မောင် ”
“ ဘယ်သူလဲ Ni ”
ဖက်ထားတဲ့ Jen ပုခုံးလေးကိုလက်မလေးနဲ့ပွတ်သပ်ကာမေးလိုက်တယ်။
“ Mino တဲ့ မောင် ”
“ ဟင် ”
Lisa အံ့ဩသွားမိတယ်။ပျောက်နေတာကြာပြီဖြစ်တဲ့အာ့ကောင်ကလေ...။
“ ထူးဆန်းတယ်မဟုတ်လား မောင် အာ့တာတွေတွေးမနေပါနဲ့တော့။ကိုယ့်ကိုကိုယ်သာနေကောင်းအောင်ဂရုစိုက်နော် Ni လည်းမွေးဖွားခါနီးပြီလေ ”
“ အင်းပါ Ni ရယ် မောင် နေအမြန်ပြန်ကောင်းအောင်ဂရုစိုက်ပါ့မယ် နော် ”
“ ဟုတ် ”
Ni ဆံနွယ်လေးကိုသာအကြိမ်ကြိမ်ပွတ်သပ်ပြီးနမ်းနေမိတော့တယ်။
.
.
.
ဒီလိုနဲ့အချိန်တွေတစ်လပြီးတစ်လပြောင်းလာပြီး Jen မွေးဖွားခါနီးအချိန်ရောက်လာခဲ့ပြီ။ Mino ကတော့ထောင်ထဲမှာပေါ့သူ့အပြစ်နဲ့သူပဲလေဒီလောက်တော့ပေးဆပ်ရမှာပေါ့။ မမ နဲ့ Chaeyoung ကလည်းလက်ထက်ဖို့လုပ်နေကြပြီ။
“ Ni ရေ မောင် ပြန်လာပြီ!! ”
“ ကဲ သမီးလေး ကအပေါ်ထပ်မှာရှိနေတာကို li ရယ်တက်သွားပါလား။တော်ကြာ သမီးလေး ကဆင်းလာအုံးမယ်။
“ ဟီး Omma ကလည်း ”
ကျမနဲ့မောင် ကအခု မောင့်မိဘတွေအိမ်မှာလာနေကြသည်။မောင်က company ကပြန်လာရင်အဲ့လိုကျမကိုအော်ခေါ်နေကြမို့ Omma ဆူတာခံရတာလည်းမနည်း။ဒါကိုပင်သူကအမှတ်မရှိပြန်ရောက်တိုင်းအော်ခေါ်တုန်း။
“ Ni ရေ မောင် ပြန်ရောက်ပြီလို့ ”
ဟောပြောရင်းဆိုရင်း...
“ ဝင်ခဲ့လေ မောင် ရယ် Ni အထဲမှာရှိတယ် ”
part_26(final)
Start from the beginning
