“ မဟုတ်ဘူး။တကယ်လှုပ်လာတာ မမ ရဲ့ ”
Jen မျက်ရည်လေးဝဲကာပြောလိုက်တယ်။ Lisa မျက်လုံးထဲကမျက်ရည်လေးစီးကျလာတာကိုတော့ဘယ်သူမှသတိမထားမလိုက်ကြ။
“ Jen Jen ... ”
Jen လို့ခေါ်သံကသူတို့အားလုံးဆီကမဟုတ်တော့ မောင့် မျက်နှာကိုအကုန်လှည့်ကြည့်လိုက်ကြတယ်။တကယ်ပဲ မောင် ကမျက်လုံးကြီးစုံမှိတ်ပြီး Jen နာမည်ကိုအကျယ်ကြီးအော်နေတာ။
Jen ကိုင်ထားတဲ့ မောင့် လက်ကလေးကိုလွှတ်ကာ မောင့် နဖူးပေါ်ကဆံပင်လေးတွေကိုပွတ်သပ်ပြီး နဖူးလေးကိုဖွဖွလေးနမ်းလိုက်တယ်။
“ မောင် ”
Jen ခေါ်လိုက်တော့မျက်လုံးတွေပွင့်လာတဲ့ Lisa ...။
ပြီးတော့ဘေးပတ်ဝန်းကျင်ကိုမျက်လုံးဝေ့ကြည့်လိုက်တယ်။သူဘယ်ရောက်နေတာလဲ။
“ Ni ”
“ အွမ်း အွမ်း ဘေးမှာ ni ရှိတယ်လေ။နေရတာအဆင်ပြေရဲ့လား မောင် ဆရာဝန်ခေါ်ပေးရမလား။မမ လုပ်ပါအုံးဆရာဝန်ခေါ်ပေးပါအုံး ”
Chaeyoung ကတော့ Lisa ကိုဝမ်းသာအားရကြည့်နေမိတယ်။
“ ရတယ်။ Ni မောင့် ဘေးမှာပဲနေပါ။မခေါ်ပါနဲ့ ”
“ အွမ်းပါ ”
ပြီးတော့ Lisa က Jen မျက်နှာလေးကိုသေချာစိုက်ကြည့်နေမိတယ်။အရမ်းလွမ်းနေခဲ့ရတဲ့မျက်နှာလေးမဟုတ်ပါလား။ပြီးတော့ ဗိုက်လုံးလုံးလေးကိုသူ့လက်ကလေးနဲ့ဆုပ်ကိုင်လိုက်မယ်။
“ ကလေးလေး ရောနေကောင်းရဲ့ ”
Jen မှာတော့သူသတိရလာပြီဆိုတဲ့အသိကြောင့် မျက်ရည်ဝဲနေမိတုန်း။ပြီးမှသူမေးတာကိုခေါင်းငြိမ့်လိုက်ကာ။
“ အင်း ကလေးလေး ကသူ့ papa ကိုလွမ်းနေတယ်တဲ့ ”
“ ဟုတ်လား။ papa လည်းလွမ်းနေခဲ့ရတာပါ ကလေးလေးနဲ့ကလေးလေး mama ကို ”
ပြောပြီး ဖြည်းဖြည်းလေးထလိုက်ကာ Jen ဗိုက်လေးကိုဖိကပ်နမ်းလိုက်တယ်။
Jisoo နဲ့ Chaeyoung ကတော့အခန်းထဲမှာမရှိတော့။
“ ဟင် မမ တို့ဘယ်ရောက်သွားတာလဲ ”
“ မောင် တို့ကိုကြည့်မရလို့ထွက်သွားတာဖြစ်မှာပါ ni ရယ်။လာပါအုံး အလွမ်းဖြေပါရစေအုံး ”
.
.
.
တစ်ပတ်လောက်ကြာတော့ Lisa လည်းဆေးရုံကဆင်းရပြီး။ကောင်းကောင်းတော့လမ်းမလျှောက်နိုင်သေး။နှစ်လနီးပါးတောင်လှဲနေရတာမဟုတ်လား။
part_26(final)
Start from the beginning
