အပိုင်း(၁၂)

Start from the beginning
                                    

"ဟေ!! ဗုဒေါ..."

ဟားးးးးးးးးးးးး!!!

ခွီးးးးးး

သစ်မင်းမောင် ရဲ့အဖြေကို အနောက်ကဥပုပ်သည်များ ဝါးလုံးကွဲမတတ်ရယ်ကြသည်။မေးလိုက်တဲ့ ဘုန်းဘုန်း တောင်ကြောင်သွား၏။
ဂမုန်းပင်လည်း မနေနိုင်စွာရယ်မိသည်။
ဒီကောင် အပြောမတတ်တာ တကယ်လက်လန်သည်။
ဘုန်းဘုန်းမေးတာ တရား။ သစ်မင်းမောင် ဖြေတာ မရမ်းသီးနှင့်ဂမုန်းပင်။
အေးလေ သူလည်းသူလိုချင်တာဖြေတာနေမှာပေါ့။

တရားနာပြီးတော့ ဥပုပ်သည်အချို့ပြန်သွားကြသည်။
ကျောင်းတွင် သစ်မင်းမောင်နှင့်ယမကာဂမုန်း တို့အုပ်စုရယ်နှင့် ဥပုပ်သည်အချို့သာ ကျန်ခဲ့သည်။
ကျောင်း၏ သရက်ပင်အောက်တွင် ရပ်နေကြသော မြရီ၊ ခင်ထားနှင့် စိုးစိုး နားသို့ ယမကာဂမုန်း လျှောက်သွားလိုက်သည်။

"မြရီ.."

"သြော်...ဂမုန်း...လာလေ.."

မြရီ ကပြုံးကာဆိုသည်။မြရီဘေးက ခင်ထားက သူ့ကိုမျက်ခုံးတွန့်ချိုးကာကြည့်သည်။
စိုးစိုးကတော့ သူ့ကိုသူဓာတ်ပုံအမျိုးမျိုးရိုက်နေသည်။

" ငါနင့်အတွက် ဆိတ်ဖလူးပန်းလေးတွေကောက်လာတယ်.."

အိပ်ဖြင့်ထုတ်ထားသော ဆိတ်ဖလူးပန်းလေးများကို ကမ်းပေးလိုက်တော့ မြရီ ကသဘောတကျဖြင့်ယူသည်။

"ဟင့်...အစစ်မတွေများ မလွယ်ပါ.."

"ဟဲ့...စိုးစိုး ဘာပြောတာ.."

စိုးစိုးမှ မပွင့်တပွင့်ပြောစကားကို နားပါးသော ခင်ထားက ပြန်ကာမေးခွန်းထုတ်သည်။

"မဟုတ်ပါဘူး...စိုးစိုးက ပန်းလေးတွေလှတယ်လို့ပြောတာ.."

"ကြိုက်လား...မြရီ.."

"အင်းးးးကြိုက်တယ် ဂမုန်း ကျေးဇူးပဲနော်ခုလိုပေးလို့..."

"ရပါတယ်ဟာ...သူငယ်ချင်းအချင်းချင်းပဲ...အဲ့ဆိုငါပြန်တော့မယ်.."

မြရီ ကိုပန်းပေးပြီး ဂမုန်းထွက်ခဲ့သည်။
ဒါပေမယ့် တန်ဆောင်းဘေးတွင်တော့ မကျေနပ်သလိုရပ်ကြည့်နေသော တစ်စုံတစ်ယောက်ရှိနေသည်ကိုတော့ ဂမုန်းပင် သတိမမူမိပေ။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now