အပိုင်း(၁၂)

Начните с самого начала
                                    

ယမကာဂမုန်းလည်း ပန်းပွင့်လေးများကို သေသေချာချာလိုက်ကောက်ပြီး အိပ်ကလေးတစ်ခုဖြင့်သေချာထည့်လိုက်သည်။
မြရီ ကပန်းဆိုကြိုက်သည်။
အရမ်းမွှေးအီလွန်းတဲ့ ဆိတ်ဖလူးပန်းအနံ့ကို ဂမုန်း မခံနိုင်ပေမယ့် မြရီ အတွက်ရည်ရွယ်ပြီး သူလိုက်ကောက်နေလိုက်သည်။

နေလည်းတော်တော်မြင့်နေချေပြီ ဥပုပ်သည်များနှင့်လည်း ကျောင်းထဲပြည့်နေပြီ။
သစ်မင်းမောင် နှင့်ယမကာဂမုန်း တို့ကာလသားအုပ်စုက ဥပုပ်သည်များကို ပဲဖူးသုပ်၊ ပျံကြော်သုပ်နှင့် ရေနွေးကြမ်းများ​ဖြင့်လိုက်လံကာဧည်ခံနေကြသည်။
သီလပေးချိန်ရောက်နေပြီမို့ ဘုန်းဘုန်းက သီလစပေးသည်။

သီလယူကာ ရေစက်ချအပြီး ဘုန်းဘုန်းမှ သစ်မင်းမောင် ကိုစကားစကာမေးသည်။

"သစ်မင်းမောင်.. "

" တင်ပါ့ဘုရား... "

"ဘုန်းကြီးကျောင်းက မင်းအလိုချင်ဆုံးအရာကို ဘုန်းဘုန်းကိုပြောစမ်း..."

ဘုန်းဘုန်း မေးတော့သစ်မင်းမောင် ကြောင်သွားသည်။
ဘေးကိုကြည့်တော့ ဟိုခွေးသူတောင်းစားက ခေါင်းငုံ့ကာပြုံးသည်။
ဟင်းးးးခွေးကောင် ဂမုန်းပင်က......ဒီနေ့အပြီဂလိုးနေတာပဲ။
ဒီလိုဝတ်စားတော့လည်း မဆိုးဘူး ဂမုန်းပင် နှင့်လိုက်သည်။
နေပါဦး... သူ့ကို ငါကဘာလို့ဝေဖန်နေတာပါလိမ့်..။

"သစ်မင်းမောင်! !!"

"ဗျာ!..တင်...တင်ပါ့ဘုရား.. "

"ဘုန်းဘုန်း မေးနေတာကိုမဖြေပဲ..ဘာလို့ ယမကာဂမုန်း ကိုကြည့်နေတာလဲ.."

ဘုန်းဘုန်း ပြောတော့ ခေါက်းငုံ့နေတဲ့ ဂမုန်းပင် ကသူ့ကိုလှည့်ကြည့်ပြီး 'ဘာလဲ'ဆိုတဲ့အကြည့်ဖြင့်မေးသည်။

"အဲ...ဟို...အဲ့ဒါကလေ ဘုရား...သားကိုဘာမေးလိုက်တာလဲဟင်.."

"ဘယ်တွေများ အာရုံရောက်နေလို့ မေးတာကိုမကြားရတာလဲ...ဘုန်းကြီးကျောင်းက မင်းအလိုချင်ဆုံးအရာကို မေးနေတာ.."

"သြော်...တင်ပါ့ဘုရား တပည့်တော်အမှန်တိုင်းပြောရရင် ဘုန်းကြီးကျောင်းကအလိုချင်ဆုံးအရာတွေက ဟို...ဟို..မရမ်းသီးနဲ့ဂမုန်းပင်ပါ ဘုရား.."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Место, где живут истории. Откройте их для себя