"မယူပါနဲ့ရပါတယ်။မင်းတို့ယူလာတာကိုလောင်ရှီးကြိုက်ပါတယ်.."

"အာ..ဟုတ်သားမေ့နေတာ နံနံပင် ဗန်းယူဖို့မေ့နေတာ သွားယူလိုက်အုန်းမယ်"

"အင်း"

"ဝမ်ရိပေါ်!?"

"ချန်?"

"မင်း ဝမ်ရိပေါ် မလား?"

"အင်း ချန် မလား"

"ဝါးး မတွေ့ရတာအတော်ကြာပြီပဲ ရိပေါ်"

"ဟုတ်တယ် ချန်။ဟိုဘတ်ဝိုင်းလိုက်ခဲ့လေ.."

"‌အာ တော်ပါပြီ ငါကလေးတွေကို ဟော့ပေါ့ ကျွေးနေတာ"

"ခဏပဲကို မင်းကလည်း လိုက်ခဲ့ပါနော်"

"အင်းပါ။ကလေးတို့ လောင်ရှီး ဟိုဝိုင်းကိုခဏသွားမို့..စားချင်တာရှိရင် ယူစားကျ ဒီနေ့တော့အဝစား နောက်နေ့ကျရင် ငါ Weight ပြန်ချိန်မှာနော်!"

"ဟုတ်ကဲ့"

ရိပေါ် ချန်နဲ့အတူ Table No.70 ကိုလိုက်သွားကာ.. Tableရှေ့တွင် ခဏတာ ရပ်နေမိသည်။

[ ဘာလို့ Xiao Zhan က ဒီမှာရှိနေရတာလဲ ]

"ရိပေါ်..ရိပေါ်..ဝမ်ရိပေါ်!"

"ဟမ် အော်အေး ဘာလဲ ချန်"

"ဘာတွေငိုင်နေတာလဲ လာထိုင်လေ"

"ငါ..ငါ မထိုင်တော့ပါဘူး။ကလေးတွေစောင့်နေလိမ့်မယ်။သွားတော့မယ်"

"ခဏပဲဝင်ထိုင်လိုက်ပါ ဝမ်ငယ်"

ထိုနာမ်စားကြောင့် ရိပေါ် ခြေလှမ်း တုံ့ဆိုင်းသွားလေသည်။ရိပေါ်၏ မျက်ဝန်းတွင် မျက်ရည်များဝိုင်းလာခဲ့သည်..။

( နောက်ဆုံးတော့ နောက်ဆုံးတော့ မောင် ငါကို မမေ့ဘူးပဲကို..။)

"အေးလေ မင်းကလည်း လာပါ"

"ဟိုလေ ချန် ငါမင်းနားမှာပဲထိုင်လို့မရဘူလား"

"အမ်..ဒါကတော့"

"မရဘူးလားလို့"

"ငါဘေးမှာက လူရှိတယ်ရယ်။အဲ့တာကြောင့် Sean Xiao နားသွားထိုင်လိုက်နော်"

"အာ...ဒါပေမဲ့ ငါ ငါ"

"အင်း ရတယ်လေ ဝမ်ငယ် ဒီဘတ်လာထိုင်"

My EX  is My Future Husband 🔞Where stories live. Discover now