လက်ဖဝါးအားလှန်ကာ ခုံစောင်းဘက်တွင် လက်ဖမိုးအားထားထားသည်မို့ သူ၏လက်သေချာပေါက်နာသွားမည်မှာ အမှန်ပင်ဖြစ်သည်။သို့သော် လက်ဆစ်များနှင့်ခိုက်မိမည်စိုး၍ လက်ဖဝါးအားလှန်ကာ ခံပေးလိုက်သောကြောင့် သူသာနာသွားခြင်းဖြစ်သည်။ရေခဲလူသားသည် ဤမျှလောက်ချစ်တတ်ပါသည်။

" ဟီး ကိုကို ဒီမှာကြည့် ဝမ်ဝမ်အရမ်းလိုချင်နေတာ ကိုကိုသိလား ဘယ်သူပေးမှန်းလည်းမသိဘူး အိမ်ရှေ့မှာလာချပေးသွားတာတဲ့ ‌မားကပြောတာ ဝမ်ဝမ်အဲ့တာလိုချင်လို့ ကိုကို့ကိုပူဆာမို့ပဲရှိသေးတယ် ပူဆာစရာတောင်မလိုပဲလာပို့ပေးသွားတာသိလား ကိုကို ဒီလက်ပတ်လေးလှတယ်မလား ဒီမှာကြည့် ဒီမှာလေ "

ရိပေါ်ဟာပြနေသော်လည်း ဖုန်းကိုသာကြည့်နေကာ မျက်နှာသည်လည်းမသာမယာဖြစ်နေသည်မို့ ရိပေါ်ရှောင်းကျန့်အားကြည့်၍ မျက်လုံးပေကလပ်ပေကလပ်ဖြင့် ဖြစ်နေလေသည်။

" ကိုကို စိတ်ဆိုးနေတာလားဟင် "

" ... "

" ဒီလက်ပတ်ယူလို့လားဟင် "

"...."

" ကိုကိုလို့ "

"...."

" ကိုကို ချစ်တယ်လေ စိတ်မဆိုးဘူးမလား လက်ပတ်မယူစေချင်လို့လား "

" ..... "

ရိပေါ်ဘာပြောပြော မကြားသလိုနေနေသည့် သူကြောင့် ရိပေါ်တကယ်ကိုငိုချင်လာရသည်။

" ကိုကိုစိတ်ဆိုးပြေမှာလား ကိုကို့ကိုတွန်းချပြီး မြင်းတက်စီးရမှာလား ဟမ် ပြော "

" .... "

ရိပေါ်သူ့ကိုသူပြောပြီးမှ သူပြောလိုက်သည့်စကားဘယ်ရောက်သွားမှန်းနားလည်လာသည်မို့ရှက်ကာ ချက်ချင်းဆိုသလိုမျက်ရည်များကျလာလေသည်။ဆိုင်ရှိလူများသည်လည်း ဝိုင်းကြည့်နေကြသည်မို့ ပိုလို့ရှက်လာရသည်။

" စကားပြောပါလို့ဆို အီးဟီး ဘာလို့လာကြည့်နေကြတာလဲ ခင်ဗျားတို့က အီးဟီး အဲ့တာကိုကို့ကြောင့် မကောင်းတဲ့လူကြီး ဝမ်ဝမ်က တွန်းချပြီး ဗိုက်ပေါ်တက်ဖိပြီး မြင်းစီးမယ်လို့ပြောတာလို့ အီးဟီး သူတို့ဘာသာ နှာတွေးတွေးနေတယ် ဘယ်သူမှမကောင်းဘူး ဝမ်ဝမ်ပဲကောင်းတယ် "

Black King{ Complete✓ }Where stories live. Discover now