"ကြည့်ရဲလို့လား မင်းက"

"အမ်...မင်းကငါ့က်ုအထင်သေးတာလား mon..ငါကဘာသရဲမှမကြောက်ဘူးကွ!"

"ဒါဆို ဟိုအဖွဲ့ကိုရော"

"ဘယ်အဖွဲ့လဲ"

ဘလ်စကားကို ဖတ်စ်ကနားမလည်စွာပြန်မေးလေသည်။

"perth တို့အဖွဲ့လေ"

ဘလ်က တိုးတိုးလေးကပ်ပြောလိုက်တော့ ​ကျန်တော်အနည်းငယ်တော့ခိုးရီမိသည်မှာအမှန်။

"ငါကဘာလို့ကြောက်ရမှာလဲ! မလုပ်ချင်လို့သာလွှတ်ထားပေးတာ..ဟ! အဲ့ကောင် ၄ ကောင်လုံးက ငါ့တစ်ခါကိုင်သလောက်ပဲရှိတယ်"

"ဟုတ်လား"

အနောက်မှထွက်လာသည့်အသံကြောင့် chimon တို့အားလုံးလှည့်ကြည့်လိုက်တော့ ဆတ်စ်ပင်။

"အယ်...အကို...အကိုဆတ်စ်"

ဖတ်စ်ဟာ ချက်ချင်းနေရာသို့ပြန်ထိုင်ချသွားပြီး အသံတွေမှာတောင် တုန်ယင်နေသေး၏။

"ငါတို့ ၄ ယောက်က မင်းတစ်ခါကိုင်သလောက်ပဲဆို..ဟုတ်လား"

"မ..မဟုတ်ပါဘူး..အကိုနားကြားမှားတာပါ"

"ငါတော့ သေချာလေးကြားလိုက်တာပါ။ ဘာတဲ့ မလုပ်ချင်းသေးလို့လွှတ်ထားတယတဲ့လား"

"အဲ့တာ...သူ..သူတို့ကိုပြောတာ"

chimon တို့ဘက် လက်ညိုးထိုးပြီးရှင်းပြနေသည့် ဖတ်စ်ဟာအယောင်ယောင်အမှားမှားနှင့်။

"စကားကိုကြည့်ကြပ်ပြောနော်...မဟုတ်ရင် မင်းအသက်က အပေါ်ကမထွက်ပဲအောက်
ထွက်သွားလိမ့်မယ်"

ဆတ်စ်ကထိုသို့ပြောပြီး သူ့နေရာသူသွားထိုင်နေကာ ခနလောက်နေမှ perth ဟာ မန်းတို့နှင့်ရောက်လာလေသည်။

perth ဟာ chimon နားမှဖြတ်ယျှောက်ချိန် chimon စာပွဲပေါ်သို့စာရွက်တစ်ခုတင်သွားခဲ့သည်ကို chimon သတိထားမိလိုက်သည်။

စာရွက်အားဖွင့်ဖတ်ကြည့်တော့ ^ ပီကေထဲမှာ ကိုယ့်နှလုံးသားပါတယ်နော် စားဖြစ်အောင်စား ^

chimon ဟာ perth ဘက်အားမျက်လုံးစူးစူးများဖြင့်စိုက်ကြည့်လိုက်တော့ perth ဟာလဲ သူ့အားမထီမဲ့မြင်ပုံစံဖြင့်ပြန်ကြည့်လေသည်။

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now