မျက်နှာဖုံးလေးကွဲလေသည်

Start from the beginning
                                    

ခပ်ရွဲ့ရွဲ့လေးဆိုမိတော့ သူစိမ်းကောင်လေးက ငါ့အပေါ် မျက်စောင်းတို့စွန့်ကျဲသည်..။
တကယ့်ကို ချစ်စရာလေးဗျာ..။

    "ဝေ့..ငါတို့ဆရာက အသက်ဘယ်လောက်ရှိပြီလဲ ငါသူ့ကိုမမေးရဲလို့.."

ခပ်တိုးတိုးဆိုရင်း သူစိမ်းကောင်လေးနားကို တိုးကပ်မိသည်..။
မြစ်လေကြမ်းက အေးသည်မို့..။

    "အင်း..ဆရာက ၂၄နှစ်ရှိပြီ.."

    "ဝါးး..ရှောင်းတည်ကြည်က ငါ့ထက်ခြောက်နှစ်တောင်ကြီးတာပေါ့..ဒါဆိုမင်းကရော ဘယ်လောက်ရှိပြီလဲ သူစိမ်းညီနောင်.."

   "ဘာလုပ်မလို့လဲ.."

   "ဟ..မေးရတာပေါ့ ငါက၁၈နှစ်ပြည့်ပြီးပြီလေ..ငါလည်းရွယ်တူသူငယ်ချင်းထားချင်တာပေါ့ကွ.."

     "ငါ့အသက်က ပြောလို့မဖြစ်ဘူး.."

သူစိမ်းကောင်လေးက မြစ်ပြင်ကျယ်ကြီးကို ငေးရင်းဖြေသည်။
ဝမ်းနည်းမှုတွေက မျက်ဝန်းမှာပျော်ဝင်လျက်..

    "ဒါဆို ငါကမင်းနာမည်မေးမယ်ဆိုရင်ရော.."

   "မင်းပဲ..မင်းအတွက်က နာမည်ဆိုတာ အရေးမကြီးဘူးဆို"

    "ခုအရေးကြီးပြီလေ..ငါကမင်းနာမည်သိချင်တယ်ဆိုရင်ရော.."

     "ပြောလို့မဖြစ်ဘူး.."

'ဂျိမ်း!..ချလိမ်း!'

သူရောငါရော လျှပ်စီးလက်ကာချုန်းသွားသော ကောင်းကင်ကြီးကို မော့ကြည့်မိသည်။ တိမ်တွေက ညိုသထက်ညိုလာသည်။ သူစိမ်းကောင်လေး၏ မျက်နှာလေးကတော့ အနာရှိန်ကြောင့် နွမ်းလျနေပေသည်။
နဖူး၌ပင် ‌ချွေးစတွေစို့နေခဲ့သည်မို့..

     "ပြန်တော့လေ ရိပေါ် မိုးရွာတော့မှာ.."

သူစိမ်းကောင်လေး၏စကားကို ငြင်းပယ်ရင်း သူစိမ်းကောင်လေး၏အနားသို့ ပို၍တိုးကပ်မိသည်။
မိုးလေတွေက လူကိုချမ်းအေးစေတာမို့..

    "ငါသက်သေပြမှာ.."

    "ဟမ်..ဘာကိုလဲ"

တအံ့တဩရေရွတ်သည့် သူစိမ်းကောင်လေး၏စကားကို နှစ်ခြိုက်စွာပြုံးရင်း သူ၏ဒဏ်ရာမရှ်ိ‌သောဘယ်ဘက်လက်မောင်းပေါ် မေးတင်မိသည်။
တိမ်ပုပ်တိမ်ညိုတွေကို ငေးရင်းလေ..

ဒေစီပန်းတစ်ပွင့်ဒဏ္ဍာရီWhere stories live. Discover now