"ငါသွားပြီနော်ညနေငါ့ကိုမစောင့်ပဲကောင်မလေးနဲ့ပြန်သွားရင်နင်အသေပဲ"

"ငါဘယ်တုန်းကနင့်ကိုထားသွားဖူးလို့လဲ"

"မသိနိုင်ဘူးလေစက်ဘီးကနင့်မှာပဲရှိတော့"

"ကျောင်းဆင်းရင်သာတခြားကောင်တွေနဲ့လေပေါမနေပဲနင်သာအမြန်ထွက်လာခဲ့"

အမြဲတမ်းအခန်းတူခဲ့ပေမယ့်နေောက်ဆုံးနှစ်မှ ထယ်ရယ်ကအခန်း1ရပြီးကျမမှာအခန်း3သို့ရောက်သွားလေသည်။

အကြောင်းကဒုတိယနှစ်နောက်ဆုံးစာမေးပွဲမတိုင်ခင်ကျမနေမကောင်းဖြစ်ပြီးဆေးရုံတက်ရကာဆေးရုံကနေပဲ‌စာမေးပွဲဖြေခဲ့ရတာကြောင့်ရလဒ်မကောင်းခဲ့၍နောက်ဆုံးအခန်းသို့ရောက်သွားခြင်းပင်။

စာတော်တဲ့ထယ်ရယ်ကသူပါစာမေးပွဲကိုတလွဲဖြေပြီးကျမနဲ့အတူအခန်း3မှာလိုက်တက်မယ်ပြောခဲ့ပေမယ့်ကျမအပေါ်သူကောင်းပေးမှုတွေကများတာမို့ကျမမှာအခန်း1ရအောင်ဖြေမဟုတ်ရင်နင့်ကိုငါတစ်သက်လုံးမခေါ်တော့ဘူးဟုမနဲခြိမ်းခြောက်ခဲ့ခြင်းကြောင့်သာသူအခုအခန်း1ရောက်နေခြင်းဖြစ်သည်။

မနက်ခင်းအတန်းချိန်များပြီး၍နေ့လည်စာစားချိန်သို့ရောက်လာခဲ့လေပြီ

ထယ်ရယ်ကတော့သူမနက်ကပြောသည့်အတိုင်းသူ့ရဲ့ရည်းစားအသစ်လေးနှင့်နေ့လည်စာချိန်ကိုချိုမြိန်စွာဖြတ်သန်းနေလေရဲ့

ကျမကတော့ထုံးစံအတိုင်းထမင်းစားကန်တင်းရဲ့ထောင့်ကျတဲ့စားပွဲတစ်ခုမှာထယ်ရယ်ရှိရာမျက်နှာမူရင်းအထီးကျန်လှတဲ့ထမင်းစားချိန်လေးကိုတစ်ယောက်တည်းဖြစ်သန်းရတော့တာပေါ့။

"ဟယ်ဝန်းဟုတ်တယ်မှတ်လားဒီမှာထိုင်လို့ရမလား"

ထယ်ရယ်ကိုငေးရင်းတစ်စုံတစ်ယောက်ကအနားကပ်ကာကျမနာမည်ကိုလာခေါ်ပါသည်။

"ဘယ်သူ....."

"အာငါဂယူဘင်း ဂင်မ်ဂယူဘင်း နင့်နောက်မှာထိုင်တဲ့တစ်ယောက် "

"အာသိပြီးမနှစ်ကမှငါတို့ကျောင်းပြောင်းလာတာမှတ်လားထိုင်လေ"

ဒီကောင်လေးကိုကျမမှတ်မိပါသည်မနှစ်ကကျမတို့အခန်းထဲကိုနှစ်ဝက်လောက်မှကျောင်းပြောင်းလာတဲ့ကောင်လေးအရင်တည်းကကျမကိုအရိပ်တကြည့်ကြည့်ပုံပေါ်လို့သတိထားမိပေမယ့်စကားလာပြောတာဒါပထမဆုံးပင်

"အင်းမနှစ်ကလဲအခန်းတူတူပဲ ကျောင်းနှစ်ကုန်ကာနီးနင်ဆေးရုံတက်ရတယ်ပြောလို့သတင်းလာမေးချင်ခဲ့ပေမယ့်ဘယ်လိုလာရမလဲမသိလို့ အခုရောနေကောင်းသွားပြီလား"

"အင်းကြာနေပြီပဲဟာကောင်းသွားပါပြီအခုတော့ဒါနဲ့မနှစ်ကတည်းကငါနဲ့ခင်ချင်တာမဟုတ်ဘူးလား"

"မနှစ်တည်းကခင်ချင်တာပေမယ့်နင့်ဘေးနားထယ်ရယ်ကအမြဲရှိနေတော့အနားမကပ်ရဲတာနဲ့"

블루밍 Blueming Where stories live. Discover now