"ဒုတိယနှစ်က ကလေးမလေးရော?ဟိုနေ့ကလေးတင်နင်တို့ချိန်းတွေ့တာငါလိုက်ပေးခဲ့ရသေးတာကို"
"ပြတ်သွားပြီ ကလေးဆိုတော့ပျင်းစရာကြီး မြန်မြန်လာ ကျောင်းမတက်ခင် ယယ်နာကို
ခနသွားတွေ့ရဦးမှာ ပြီးရင်လဲမြန်မြန်တက်မဟုတ်ရင်ငါထားခဲ့မှာနော်"
"နင်ငါ့ကိုထားခဲ့ရဲရင်ထားခဲ့လိုက်ပေါ့ နင့်ပဲကြိုက်မယ့်သူပေါတာမဟုတ်ဘူး စာပို့လိုက်တာနဲ့ကျောင်းလိုက်ပို့ဖို့လာခေါ်မယ့်လူတွေမှအများကြီး"
ထယ်ရယ်ဘယ်လောက်ကောင်မလေးတွေအများကြီးထားထား သူ့ဘဝမှာကျမမရှိရင်မဖြစ်ဘူးဆိုတာကျမကောင်းကောင်းသိပါသည်
သူသာရည်းစားဘလပွပေမယ့်ကျမရည်းစားရမည်ကိုလုံးဝမလိုလားသည်မှာကျမမိဘတွေထပ်ပိုဆိုးလှသည်
"တက်ဟာမြန်မြန်"
"အေးပါနင်းတော့မြန်မြန်"
နောက်ထိုင်ခုံမရှိတဲ့စက်ဘီးရဲ့နောက်ဘီးဘေးနှစ်ဖက်ကခြေတင်ခုံလေးပေါ်မှာမတ်တပ်ရပ်ကာထယ်ရယ်ပုခုံးကိုကိုင်ပြီးကျောင်းအသွားအပြန်သွားရသောအချိန်များသည်ကျမသဘောအကျဆုံးအချိန်ပင်။
ထိုစက်ဘီးနောက်ခြေခုံလေးသည်ကျမပိုင်သည့်အရာမို့မည်သူတစ်ဦးတစ်ယောက်နေရာဝင်ယူမှာကိုလဲမကြိုက်ပါ။
ကျောင်းဝန်းထဲသို့စက်ဘီးစဝင်တာနှင့်ကျောင်းရှိထယ်ရယ်ကိုသဘောကျတာကြောင်ကျမကိုမနာလိုတဲ့လူများရဲ့တီးတိုးစကားသံများကြားရသည်မှာပုံမှန်ပင်။
ဂင်မ်ထယ်ရယ်ရည်းစားများရတဲ့အကြောင်းကသူဟာကျောင်းမှာပေါ်ပျူလာဖြစ်လွန်းလှတဲ့ကျောင်းသားတစ်ယောက်ဖြစ်သောကြောင့်ဖြစ်သည်။
ထယ်ရယ်ပေါ်ပျူလာဖြစ်ရတာကတော့သူ့အပြုံးကြောင့်လို့ပြောရမလားတစ်ချိန်လုံးပြုံးနေပြီးရယ်လိုက်တဲ့အခါထွက်ပေါ်လာတဲ့ပါးချိုင့်ခွပ်ခွပ်လေးကမိန်းကလေးအများစုကိုအရည်ပျော်စေနိုင်တာမငြင်းနိုင်။
သူ့အပြုံးကြောင့်သူ့ကိုလာဖွင့်ပြောတဲ့မိန်းကလေးတိုင်းကိုလဲငြင်းတယ်ဆိုတာမရှိ ဒါဟာသူရည်းစားများရတဲ့အကြောင်းပင်
တစ်ခါကသူ့ကိုကျမမေးခွန်းတစ်ခုမေးဖူးပါသည်
"ထယ်ရယ် နင့်ကိုလာဖွင့်ပြောတဲ့မိန်းကလေးတိုင်းကိုနင်ဒီတိုင်းပဲတွဲပေးနေတော့မှာလား မကြိုက်ရင်ငြင်းတာမဟုတ်ဘူး"
"သနားဖို့ကောင်းတယ်မှတ်လားသူတို့ကငါ့ကိုသဘောကျလို့ဖွင့်ပြောတာကိုငါကငြင်းရင်ရိုင်းတာပေါ့ သူတို့ရှက်သွားရင်သနားဖို့ကောင်းတယ်လေ"
သူ့အဖြေကြောင့်ကျမအံ့ဩခဲ့ရပါသည်လူတိုင်းကိုအကောင်းမြင်တာလွန်လွန်းတာကြောင့်သူ့အပေါ်အကောင်းမြင်တဲ့လူပေါများဖို့သာကျမမျော်လင့်သည်
YOU ARE READING
블루밍 Blueming
Part-1
Start from the beginning