အခန်း ၈

1.3K 64 3
                                    

Uni Code

မြတ်မင်းသိက္ခာယနေ့ရုံးရောက်တော့ဝန်ထမ်းများမှာသူ့အားမြင်သည်နှင့်ဦးညွှတ်အရိုအသေပေးကြသည်။အသ်ိအမှတ်ပြုသည့်အနေဖြင့်ခေါင်းတစ်ချက်ညှိတ်ပြကာရုံးခန်းထဲသို့ဝင်ပြီးအလုပ်စားပွဲပေါ်သို့အိတ်ထဲမှ laptop အားထုတ်ကာညက နှင်းရောင်လွင်အီးမေးလ်မှတစ်ဆင့်ပို့ထားသောအချက်အလက်များအားဖတ်နေလိုက်သည်။

"ဒေါက်...ဒေါက်...ဒေါက်"

"ဝင်ခဲ့"

"ဘော့စ်မင်္ဂလာပါ"

"အင်းဘာကိစ္စရှိလို့လဲမနှင်းရောင်လွင်"

"ကျွန်မ...ဘော့စ်အတွက်ကော်ဖီလာပို့တာပါ"

"အင်းကျေးဇူး စားပွဲပေါ်မှာချထားလိုက်နော်"

"ဟုတ်ကဲ့ဘော့စ်"

"အင်း"

မြတ်မင်းသိက္ခာ laptop ထဲမှအချက်အလက်များအားဆက်လက်၍ဖတ်ရှူနေရင်းမျက်လုံးထောင့်မှမြင်နေရသည့်နှင်းရောင်လွင်၊ ကြည့်ရတာတစ်ခုခုပြောချင်နေသည့်ပုံပင်

"ပြောစရာကျန်သေးလို့လားမနှင်းရောင်လွင်"

ခေါင်းမော့မကြည့်ပဲသူအမေးပြုလိုက်လေတော့

"နေ့လည်စာကိုကျွန်မနဲ့အတူလိုက်စားမလားမေးမလို့ပါ ဟို...ဘော့စ်အဆင်မပြေဘူးဆို..."

"အင်းနေ့လည်စာစားချိန်ကျအတူသွားကြတာပေါ့"

"ဟုတ်ကဲ့ပါဘော့စ်ကျွန်မကိုသွားခွင့်ပြုပါဦး"

မြတ်မင်းခေါင်းငြိမ့်ပြလိုက်ပြီးထိုအမျိုးသမီးထွက်သည်နှင့် laptop ထဲမှအကြောင်းအရာများကိုအသေးစိတ်သေချာဖတ်ရှုနေသည်။

အချက်အလက်များကတစ်ခြားတော့မဟုတ်သူ့အိမ်ပေါ်တက်နေပြီးသူ့ကိုအာဏာပြနေတဲ့ကောင်လေး၏ကိုယ်ရေးအချက်အလက်များပင်ဖြစ်သည်။

ထိုထဲတွင်ရေးထားသည်ကဖခင်ဖြစ်သူမှာငယ်စဉ်ကတည်းကဆုံးပါးသွားပြီးမိခင်ဖြစ်သူကလဲသူ့အသက်နှစ်ဆယ်မှာဆုံးပါးသွားသဖြင့်ရန်ကုန်မှာအလုပ်လုပ်ရန်ရောက်လာခြင်းဖြစ်သည်။

"ဒီကောင်လေးအကြောင်းကိုဒီ့ထပ်ပိုစိတ်ဝင်စားစရာကောင်းမယ်ထင်ခဲ့တာအဟက်"

အတ္တများ၏အလွန် (Completed)Wo Geschichten leben. Entdecke jetzt