သူ့ဘေးကခုံမှာ အကိုဝင်ထိုင်လိုက်ရင်း..

"သေချာစဥ်းစားပြီး ကိုယ့်ကိုယ်ကိုအကောင်းဆုံးလုပ်နိုင်မယ်ထင်တဲ့ တစ်ခုကိုရွေး... အထက်တန်းကျောင်းသားဘဝရဲ့ အမှတ်တရတွေထဲ ဒီ activityတွေက အလှပဆုံးအမှတ်တရ ဖြစ်​နေစေမှာမို့... "

အကို့စကားမှာ သူရုပ်တရက်သတိရသွားတယ်...
အကိုကလည်း သူနဲ့တစ်ကျောင်းထဲတက်ခဲ့တာပဲ...
အကိုအထက်တန်းတုန်းကလည်း ဒီလိုပဲ ဖြတ်သန်းခဲ့မှာပဲ...

"အကိုက ဘယ်ကလပ်မှာ ပါခဲ့တာလဲ.."

အကိုက သူ ရွေးချယ်မထားတဲ့အနောက်က ကလပ်တွေထဲက အဝါရောင်စာရွက်ကလေးကိုဆွဲထုတ်လိုက်တယ်..

"ဓာတ်ပုံကလပ်လား..."

"အင်း..."

အဲ့ဒီအဝါရောင်စာရွက်ကလေးကို ယူကြည့်လိုက်တယ်။
ကင်မရာပုံLogoလေးနဲ့ လုပ်ရမဲ့အပိုင်းတွေ လေ့လာနိုင်မဲ့ခေါင်းစဥ်လေးတွေရေးထားတယ်။
သေချာကြည့်မှ စိတ်ဝင်စားစရာပဲ...

အထက်တန်းကျောင်းသားရဲ့ အမှတ်တရတွေတဲ့... အကို့ရဲ့အမှတ်တရတွေရော အဲ့ဒီနေရာမှာရှိနေလိမ့်မလား...

"အကိုရော အဲ့ဒီကလပ်မှာ အမှတ်တရတွေများခဲ့လား.."

အကိုက ပြုံးတယ်။

"အင်းး.. များတယ်.."

သူရွေးချယ်လို့ရသွားပြီထင်တယ်။

"ကျွန်တော်လည်း ဓာတ်ပုံကလပ်ကိုဝင်မယ်"

အကိုက သူ့ကိုကြည့်တယ်။

"ဘာလို့လဲ.."

"ကျွန်တော့်ရဲ့ အကောင်းဆုံးအမှတ်တရတွေချန်ခဲ့မလို့..."

ပြီးတော့ အကို့ရဲ့အမှတ်တရတွေက ဘာတွေလဲ သိချင်လို့....

အကိုက ထပ်ပြုံး​ပြန်တယ်။

" မသိတာရှိရင် ကိုယ့်ကိုမေး..."

သူမှန်မယ်လို့ထင်တာပဲ..
ဒီတစ်လော အကို သူ့ကိုမရှောင်​နေဘူး...
ဒီနေ့အကို စိတ်ကြည်နေတယ်..

"ဒါကဘာလဲ.."

သူ့လွယ်အိတ်ထဲကတစ်စွန်းတစထွက်ကျနေတဲ့ စာအိတ်ကလေးတွေကို အကို​ဖြတ်ကနဲဆွဲယူလိုက််တယ်။

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now