(သာသာပြောစရာရှိတယ် ရှောင်းလေး နဲ့ပေါ်ရီးတို့ကုတင်က တစ်ခန်းထဲမှာ အလွယ်ပြောရရင်၊အခန်းက နှစ်ယောက်နေအခန်းကွာ တခါးဖွင့်ရင်တန်းမြင်ရတာက ရှောင်းလေး ကုတင် ရှောင်းလေး ကုတင် ဘယ်ဘက် မလှမ်းမကန်းမှာ ပေါ်ရီးကုတင်" အခန်းအများကြီးရှိတာတောင် ဘာလို့ဒီလိုနေလဲ သာသာလဲမသိ ပေါ်ရီးသာ မေးကြည့်ကျ🙉🙉🙉)

  ရိပေါ် ကုတင်‌ပေါ်လည်းချရင်း တွေးနေမိသည်က" သူအခု ရန်းလိပြန်လာတာ ပျော်တယ်မလား သူ့ကိုသူမေးကြည့်တော့ ပျော်သည်လေ " ဘာကြောင့် သူ ရန်းလိရှေ့၊ရောက်တိုင်း အတွေးထဲ ရှောင်းကျန့် ပါလာရတာလဲ " နောက်ထပ် ရိပေါ် ထပ်စဉ်းစားမိတာက အခု သူ့မှာ အနှောင်အဖွဲ့ တွေ ရှိနေပြီလား သူအနှောင်အဖွဲ့တွေ ရှိနေတာကို လုံးဝမကြိုက်ဘူး "

အခု သူ့အနားရန်းလိရှိနေပြီ သူရန်းလိကို အရင်လို ချစ်နေတုန်းပဲ ထင်ပေမဲ့ အနှောင်အဖွဲ့ တွေ၊ရှိလာမှာတော့ မုန်းမိပြန်သည်" ရှောင်းကျန့် ကရော ဘာလို့ သူ့အတွေးထဲမှာ ပေါ်ပေါ်လာရတာလဲ သူရှောင်းကျန့်ကိုမတွေးပဲ ရှောင်းကျန့် က ဘာကြောင့် ပါလာရတာလဲ"

  ရိပေါ် အတွေးများဟာ ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ အတွေးများဟာ ရိပေါ်ကို မူးနှောက်လာစေသည် " ရိပေါ် အတွေးတွေကို ရပ်တန့်ပြစ်ကာ ထရပ်လိုက်သည် " သူမသိခင်မှာပဲ သူ့ခြေထောက်တွေက ရှောင်းကျန့်  ကုတင်နား နီးကပ်သွားသည် " ရိပေါ် သူ့အသိဝင်ချိန် မှာပဲ အိပ်မောကျနေတဲ့ ရှောင်းကျန့် ကို တွေ့လေသည် " ရိပေါ် ကုတင်ဘေးက ခုံလေးမှာထိုင်ကာရှောင်းကျန့် အနားမှာ နီးကပ်စွာ ထိုင်နေလေသည်" နောက် ရိပေါ်က သူ့ရဲ့ လက်ဖဝါးနဲ့ ရှောင်းကျန့်  ပါးပြင်နုနုလေးကို အုပ်ကာကာ " ရိပေါ်စူးရှရှအကြည့်တွေက  မှိတ်ထားတဲ့ ရှောင်းကျန့် မျက်ဝန်းထက်မှာသာ 

ရိပေါ် ရှောင်းကျန့် ကို စိုက်ကြည့်နေမိတာ အတော်ကို ကြာနေသည် " ဒါပေမဲ့ ရိပေါ် သူ့အကြည့်များကို မယုတ်သိမ်းနိုင် ရှောင်းကျန့် ကို ကြည့်နေရတာတောင် ကြည့်မဝဖြစ်နေသည်"  မနက်က ရှောင်းကျန့် ကို ဆူနေသည့် ရိပေါ်မျက်နှာနဲ့ အခု ရိပေါ မျက်နှာ ဟာ လူနှစ်ယောက်အလား ကွဲပြားနေသည်"

(ဦး"Oo Wang🚨🔞⚠️)(ဦး"Oo Wang🚨🔞⚠️)Complete Where stories live. Discover now