~~~~~~~~

"ရှောင်ဖန် အဲ့ဘက်က ကိစ္စ တွေ ဘယ်လိုလဲ နယ်စပ်ဘက်က ကုန်တွေရောအစဉ်ပြေရဲ့လား

"ကျွန်တော် အားလုံး စီစဉ်ပြီးပါဘူး စိတ်ချပါ

  ရိပေါ် ရှောင်ဖန်ကို အလုပ်ကိစ္စ တွေ လှန်းမေးလိုက်ခြင်းသာ "ရိပေါ် ဖုန်းပြောပြီးတာနဲ့ အပေါ်ထပ် တက်ကာ ကုတင်ဘေးမှာ ဆေးဗူးလေးတစ်ခု ထားပေးထားသည် "နောက် အောက်ထပ် ဆင်းလာပြီး နေ့လည် ရှောင်းကျန့် ပြန်လာရင် ကြက်ပေါင်းလုပ်ကျွေးရန် လျှို့ဖေးကို မှာသည် "မှာပြီးတာနဲ့ အလုပ်ကိစ္စ တွေရှိရာကို သွားရပြန်သည်" ပေးကျင်းမှာ သူဖွင့်ထားတဲ့ ကုန်တိုက်ကိုလဲ တစ်ခါမှ သေချာ မကြည့်ရသေး ဒီနေ့တော့ သွားစစ်ဆေးရန် တွေးထားသည်လေ"

  ရိပေါ်ဟာ ပေကျင်းမှာ အထပ် 30ရှိသော ကုန်တိုက်တစ်ခု ဖွင့်ထားသည် ပြောရရင် ပေကျင်းရဲ့အကြီးဆုံး ကုန်တိုက်ကြီးတစ်ခုသာ ထို ကုန်တိုက်မှာ ကလေး ပစ္စည်းအစုံရှိနေပြီး ကျား/မ ပစ္စည်းစုံရှိသည် အကြီးဆုံးကုန်တိုက်ဆိုသည့်အတိုင်း အရာအားလုံးရှိနေသည်ဘာ ပစ္စည်းမဆို ထိုကုန်တိုက်မှာ အကုနိရှိသည် " ကုန်တိုက်ဟာ မြို့လည်လောက်မှာဖြစ်ပြီး ကုန်တိုက်များစွာထဲ ထိုကုန်တိုက်ဟာ အကြီးအမားဆုံးဖြစ်သည် ထိုကုန်တိုက်နေရာအနှံကို လိုက်ကြည့်ရင်တော့ CCTV ကပဲအစုံကြည့်နိုင်သည်ဒီတိုင်း ‌နေရာအနှံလျှောက်ကြည့်ရင်တော့ လေးရက်လောက်ကြာနိုင်သည် ထိုလေးရက်အတွင်းတောင်မှ အကုန်နေရာအနှံ မလည်ပတ်နိုင်" ဒီလောက်ကြီးမားတဲ့ ကုန်တိုက်ကြီးကို ရိပေါ်က မန်နေဂျာ တစ်ဦးထံ အပ်ထားသည်မှာ ငါးနှစ်လောက်ကိုရှိနေပြီ အခုမှ စိတ်ပေါက် လို့ သွားကြည့်ရန်တွေးထားသည်"

~~~~~~~~

  ရှောင်းကျန့် သင်ခန်းစာ စတာနဲ့ ဆရာ သင်ပြနေတာတွေကို သေချာလိုက်မှတ်သားနေသည် "ရှောင်းကျန့် စာကြည့်နေတာ တစ်နာရီလောက်ရှိချိန် သူ့ ခန္ဓာကိုယ်ဟာ ချွေးများ ထွက်လာသည် လူကလဲ အတော်လေးမောနေသလို ခံစားနေရသည် အားအင်တွေတစ်ခုခုက စုပ်ယူသလိုကိုဖြစ်လာသည် ဆရာရေးပြထားသည့် စာများကိုပင်သေချာမမြင်ရတော့ပဲ မှုန်ဝါးလာသည် အချိန်ကြာသည်နဲ့အမျှ သူ့ဘေးက လူတွေကိုတောင် သေချာမမြင်ရတော့ဘူး တခနအကြာမှာတော့ သူ့မျက်လုံးများဟာ မှေးကျလာပြီး လုံးဝထိန်းမရတော့ပဲ ခုံပေါ်ကို ခေါင်းကျသွားသည်"သူ မျက်လုံး လုံးဝမမှိတ်ခင် သူ့ဆီပြေးလာတဲ့ လူတစ်ချို့ရယ် သူ့နာမည်ကို ခေါ်နေသူတွေရယ်သာ"

(ဦး"Oo Wang🚨🔞⚠️)(ဦး"Oo Wang🚨🔞⚠️)Complete Where stories live. Discover now