ရှောင်းကျန့်  ခြံထဲမှာ လေကောင်းလေသန့် ရမဲ့နေရာလေးကို ရွေးကာ လမ်းလျှောက်နေသည် အပြင်က လေများက သန့်ရှင်းတာမို့ ရှောင်းကျန့်  ခန္ဓာကိုယ်က နာကျင်မူ့တွေတောင် တစ်ဝက်လောက် သက်သာလာသည်    ရှောင်းကျန့်  လမ်းလျှောက်နေရင်း  ခြံထဲ ကားဝင်လာသံကြားတာမို့  ထွက်ကြည့်တော့ ဝမ်းလုဆိုတဲ့လူ ပြန်လာသည်သာ ပြောတော့ ဦးက ကြိုသည်ပြောပေမဲ့ ကားက ဦးကားမဟုတ် ဒါကြောင့် သွားမေးရန် တွေးလိုက်သည် "

"ဟိတ်လူ ဦးရော

"ကိုကို လား

  ရှောင်းကျန့်  ဝမ်းလုရဲ့ ကိုကို ဆိုတဲ့ နာမ်စားကြောင့် နူတ်ခမ်းဆူထွက်မိသည်"

"ကိုကို အသိနဲ့ အလုပ်ကိစ္စ သွားတယ်လို့ ပြောသွားတယ် ဒါနဲ့ မင်းအတွက် ငါ စာကူးလာတယ် မင်းကြည့်ကြည့်အုံး လာ သွားမယ်"

  ပြောပြောဆိုဆို ဝမ်းလုက ရှောင်းကျန့်  ပုခုံးကို ဖက်ကာ အိမ်ထဲဝင်လာသည်" သူ့ပုခုံးကို ရင်းရင်းနှီးနှီး ဖက်လာနဲ့ ဝမ်းလုကြောင့် ရှောင်းကျန့်  စိတ်ထဲတော့ ကျေနပ်မိပါသည် သူကသာ ဝမ်းလုကို မကျေနပ်နေပေမဲ့ ဝမ်းလုက သူ့ကို တကယ်ခင်နေပုံ"

  ရှောင်းကျန့် က ဝမ်းလု ကူးထားပေးတဲ့ စာတွေကိုနောက်တစ်ခါ ပြန်ဖတ်ရင်း သေချာ ကျက်မှတ်နေသည်"ဝမ်းလုကတော့ အိမ်စာတွေ ပြန်ကျက်နေသည် "

"ရှောင်းလေး ဟို သခင်လေး   ဒီမှာ မင်းတို့အတွက်  ပန်းသီးခွဲထားပေးတယ် စားလိုက်အုံးနော်  "

   လျှို့ဖေးက ရှောင်းကျန့် တို့ စာကြည့်နေတဲ့ စားပွဲကို ပန်းသီးပန်ကန်ယူလာပေးသည်"

"ကျေးဇူးပဲ မမ

  လျှို့ဖေး ပန်းသီးချပေးပြီးတာနဲ့ မိဖိုချောင်ထဲပြန်ဝင်ရပြန်သည် ညနေစာအတွက် ချက်ပြိုတ်‌နေရသည်"

  ရှောင်းကျန့် တို့ စာလုပ်နေတာ ည 7နာရီကို ထိုးသွားသည် စာအားလုံးလဲ ပြီးသွားပြီပင် ဒါကြောင့် နှစ်ယောက်လုံး စာအုပ်များကို သေချာသိမ်းနေသည် ရှောင်းကျန့် ကတော့ တစ်ချက်ချက် ခြံကို ကြည့်နေသည် အကြောင်းကတော့ ရိပေါ် ပြန်မလာသေးလို့သာ" ရှောင်းကျန့်  ဘာကြောင့် ခြံဝကြည့်သလဲ သိသူ ဝမ်းလုက ရှောင်းကျန့် ကို စကားဆိုသည်"

(ဦး"Oo Wang🚨🔞⚠️)(ဦး"Oo Wang🚨🔞⚠️)Complete Where stories live. Discover now